Connect with us

Europe

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဖင်လန်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာ

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဇနီးတို့ နှစ်ဦး ဖင်လန်နိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဟဲလ်ဆန်ကီး ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ရေးကိုတိုးချဲ့ရန် နှင့် နှစ်ဖက်နိုင်ငံရေးအရ ယုံကြည်မှုကို တိုးမြှင့်ရန်အတွက် နှစ်နိုင်ငံချစ်ကြည်ရေး တရားဝင်အလည်အပတ်ခရီးစဉ်တစ်ခုအဖြစ် ဖင်လန်နိုင်ငံသို့ဧပြီလ ၄ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်သည် တရုတ်နိုင်ငံ၏ ခေါင်းဆောင်တစ်ဦးအဖြစ် ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖင်လန်နိုင်ငံသို့သွားရောက်လည်ပတ်သောခရီးစဉ်တစ်ခုဖြစ်သည်။

သမ္မတရှီ လိုက်ပါလာသော လေယာဉ်ကြီးသည် ဖင်လန်နိုင်ငံမှ ဂျက်တိုက်လေယာဉ်နှစ်စင်းလိုက်ပါခြံရံ၍ ဖင်လန်နိုင်ငံလေဆိပ်သို့ဆင်းသက်လာခဲ့ကြောင်း သိရသည်။

ဖင်လန်နိုင်ငံလေဆိပ်သို့ဆိုက်ရောက်စဉ် စာဖြင့်ပေးပို့သော သမ္မတရှီ၏ မိန့်ခွန်းတွင် ယခုနှစ်တွင် ကျရောက်သော ဖင်လန်နိုင်ငံ၏ လွတ်လပ်ရေး နှစ်တစ်ရာပြည့် အခါသမယတွင် ဖင်လန်အစိုးရ နှင့် ပြည်သူများအား ဂုဏ်ပြုပါကြောင်း ထည့်သွင်းရေးသားထားသည်။

“နိုင်ငံတကာအခင်းအကျင်းမည်သို့ပင်ပြောင်းလဲသွားစေကာမူ တရုတ် နဲ့ဖင်လန် နှစ်နိုင်ငံဟာ သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆၇ နှစ်ကတည်းကပဲ နှစ်နိုင်ငံဆက်ဆံရေးဟာ တိုးတက်ခိုင်မာမှု နဲ့တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်” ဟု သမ္မတရှီ ကဆိုသည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဖင်လန်နိုင်ငံကို လည်ပတ်ပြီးနောက်တွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါသို့သွားရောက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် ဧပြီလ ၆ရက် နှင့် ၇ ရက်များတွင် တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။၎င်းတွေ့ဆုံမှုသည် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ နှစ်နိုင်ငံမှ ခေါင်းဆောင်နှစ်ဦး၏ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.