Connect with us

Europe

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် အီတလီနိုင်ငံသို့ရောက်ရှိလာ

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဇနီးဖုန်းလိယွမ်တို့ အီတလီနိုင်ငံရောမမြို့ သို့ ရောက်ရှိလာစဉ်(ဆင်ဟွာ)

ရောမ ၊ မတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နှင့် ခေတ်သစ်ဆက်ဆံရေးတစ်ခုအဖြစ် အီတလီနိုင်ငံသို့မတ် ၂၁ ရက်တွင် နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သည်။

ယင်းမှာ တရုတ်နိုင်ငံအကြီးအကဲတစ်ဦးအနေဖြင့် ဆယ်စုနှစ်အတွင်း အီတလီနိုင်ငံသို့ပထမဆုံး လာရောက်လည်ပတ်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

အီတလီလေပိုင်နက်အတွင်းသို့သမ္မတရှီလိုက်ပါလာသော လေယာဉ်ကြီး ချဉ်းနင်းဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် အီတလီဂျက်တိုက်လေယာဉ်နှစ်စင်းက အစောင့်အရှောက်အဖြစ် ဝန်းရံလိုက်ပါပေးခဲ့ကြောင်း သိရသည်။

သမ္မတရှီ နှင့် ဇနီးဖုန်းလိယွမ် တို့အား လေဆိပ်တွင် အီတလီအစိုးရအဖွဲ့အဆင့်မြင့်အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

အီတလီသို့ဆိုက်ရောက်စဉ် စာဖြင့်ရေးသားသော ရှီ၏ နှုတ်ခွန်ဆက်စကားတွင် တရုတ်-အီတလီနိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် လွန်ခဲ့သော ၄၉ နှစ်မှ စတင်ကာ နိုင်ငံတကာအခင်းအကျင်းများ မည်သို့ပင်ပြောင်းလဲစေကာမူ နှစ်နိုင်ငံဆက်ဆံရေးကို အကောင်းဆုံးတည်ဆောက်ခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

နှစ်နိုင်ငံအကြားလက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည် ကောင်းမွန်သောရလဒ်များထွက်ပေါ်စေခဲ့ကြောင်း ၊ နှစ်ဖက်ပြည်သူများအတွက် စစ်မှန်သောအကျိုးအမြတ်များစွာရရှိခဲ့ကြောင်း ရှီကဆိုသည်။ ထို့ပြင် နှစ်နိုင်ငံ ယဉ်ကျေးမှု နှင့် ပြည်သူအချင်းချင်းအပြန်အလှန်ဖလှယ်မှုသည် အရောင်အသွေးစုံဖြင့် တိုးတက်ကောင်းမွန်လာခဲ့ကြောင်း နှင့် နှစ်ဖက်အပြန်အလှန်နားလည်မှု နှင့် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်သမ္မတက နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ခိုင်မာစေရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အီတလီနိုင်ငံအဆင့်မြင့်အစိုးရ အရာရှိကြီးများနှင့်အတူ အစည်းအဝေးများစွာ လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“ တရုတ်-အီတလီဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးက ပိုမိုပျော်ရွှင်ဖွယ်ကောင်းတဲ့ မနက်ဖြန်တွေကို ဆောင်းကြဉ်ပေးပါလိမ့်မယ်လို့ယုံကြည်ပါတယ် ” ဟု ရှီ ဆိုသည်။

သမ္မတရှီ၏ ဥရောပတိုက် လေးနိုင်ငံအလည်အပတ်ခရီးစဉ်တွင် အီတလီနိုင်ငံသည် ပထမဆုံး ဝင်ရောက်သည့် နိုင်ငံဖြစ်ပြီး ထိုမှတဆင့် မိုနာကို နိုင်ငံ နှင့် ပြင်သစ်နိုင်ငံများသို့ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.