Connect with us

Europe

တူနီးရှားနိုင်ငံတွင် မြူထူထပ်မှုကြောင့် ကား ၂၅စီး ဆင့်တိုက်မိရာ လူ ၃ ဦးသေဆုံး

တူနီးရှားနိုင်ငံတွင် မြူထူထပ်မှုကြောင့် ကား၂၅စီး ဆင့်တိုက်မှုဖြစ်ပွားစဉ် (ဓါတ်ပုံ-အင်တာနက်)

တူးနစ်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

တူနီးရှားနိုင်ငံ တွင် ဧပြီ ၂၁ရက် နံနက်အစောပိုင်းက မြူနှင်းများ ထူထပ်စွာကျဆင်းနေမှုကြောင့် ကား ၂၅စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ဦးသေဆုံးခဲ့ပြီး အခြားလူ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူနီးရှားပြည်ထဲရေးဝန်ကြီးဌာနကဖော်ပြခဲ့သည်။

Sousse ပြည်နယ် နှင့် Sfax ပြည်နယ်တို့ကို ဆက်သွယ်ပေးထားသော အဝေးပြေးလမ်းမပေါ်တွင် ယာဉ်ဆင့်ကဲတိုက်မှုဖြစ်ပွားခဲ့ပြီး ယင်း ယာဉ်မတော်တဆမှုကြောင့် တာဝန်ထမ်းဆောင်နေသော ခရိုင်အကြီးအကဲတစ်ဦး နှင့် ၎င်း၏ လက်ထောက်ဖြစ်သူ အပြင် အခြားပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာနကဖော်ပြခဲ့သည်။

ယာဉ်တိုက်မှုများသည် ဒေသစံတော်ချိန် နံနက် ၇နာရီတွင်ဖြစ်ပွားခဲ့ပြီး မြူမှုန်များနှင့် စိုစွတ်နေသော လူသွားလမ်းများကြောင့် ယာဉ်၂၅စီး ဆင့်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းယာဉ်မတော်တဆမှုကြောင့် အရှည် ၃၉၀ကီလိုမီတာ ရှည်လျားသောနိုင်ငံ၏ မြောက်နှင့်တောင်ကို ဆက်သွယ်ပေးထားသည့် အဓိကလမ်းမကြီးကို အသုံးပြုသူများအကြား ထိတ်လန့်မှုများဖြစ်ပွားခဲ့ကြောင်း ယာဉ်တိုက်မှုမှ လွတ်မြောက်လာသည့် ယာဉ်မောင်းတစ်ဦးကပြောကြားခဲ့သည်။ (Xinhua)