Connect with us

Europe

တူရကီနိုင်ငံတွင် ရထားတွဲချော်မှုကြောင့် သေဆုံးသူ ၂၄ ဦးအထိရှိလာ


အစ္စတန်ဘူလ်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အနောက်မြောက်ပိုင်းတွင် ဇူလိုင်လ ၈ ရက်က ရထားတွဲချော်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂၄ ဦးအထိရှိလာပြီဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် Recep Akdag ၏ ပြောကြားချက်အား ကိုးကား၍ နိုင်ငံပိုင် သတင်းဌာန Anadolu က သတင်းဖော်ပြထားသည်။

အစောပိုင်းသတင်းများအရ တူရကီနိုင်ငံ အနောက်မြောက်ပိုင်း Tekirdag ပြည်နယ်တွင် ဇူလိုင်လ ၈ ရက်က ပို့ဆောင်ရေးရထားတစ်စင်း တွဲချော်ခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး အခြားသူ ၇၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံတွင် ရထားတွဲများ လမ်းချော်ကျနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဇူလိုင်လ ၈ ရက် နေ့လယ်ပိုင်းက ရထား၏ တွဲငါးတွဲချော်ကျခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ရထားမှာ ခရီးသည် ၃၆၀ အား တင်ဆောင်လာခြင်း ဖြစ်ကြောင်း CNNT က ဖော်ပြထားသည်။

မြေပြိုမှုတစ်ရပ်ပင် ဖြစ်စေခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားတွဲချော်ရခြင်း ဖြစ်ကြောင်း Tekirdag ပြည်နယ် အုပ်ချုပ်ရေးမှူး Mehmet Ceylan က ပြောကြားခဲ့သည်။

Demiroren သတင်းအေဂျင်စီ၏ အဆိုအရ အဆိုပါ ရထားသည် တူရကီနှင့် ဘူလ်ဂေးရီးယားနယ်စပ်အနီး Edirne ပြည်နယ်မှ အစ္စတန်ဘူလ်မြို့သို့ သွားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.