Connect with us

Europe

နယူးဇီလန်နိုင်ငံ သေနတ်ပစ်ခတ်မှုအပေါ် တရုတ်နိုင်ငံမှ ခေါင်းဆောင်များက ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

နယူးဇီလန်နိုင်ငံ ခရစ်ချာ့ခ်ျမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့များ လုံခြုံရေးစည်းတားထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မတ်လ ၁၅ ရက် နံနက်ပိုင်းက နယူးဇီလန်နိုင်ငံ ခရစ်ချာ့ချ်မြို့တွင် ကြောက်မက်ဖွယ် သေနတ်ပစ်ခတ်မှုဖြစ်ရပ်များအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ နယူးဇီလန်နိုင်ငံ ဘုရင်ခံချုပ် ပတ်စီ ရတ်ဒီ (Pastsy Reddy) ထံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

လူသေဆုံးမှုများပြားခဲ့သည့် သေနတ်ပစ်ခတ်မှုများအကြောင်း ကြားသိရသည့်အတွက် တုန်လှုပ်မိကြောင်း အဆိုပါ သဝဏ်လွှာ၌ ရှီက ပြောကြားခဲ့သည်။တရုတ်နိုင်ငံ အစိုးရ၊ တရုတ်ပြည်သူများကိုယ်စားနှင့် ၎င်းကိုယ်တိုင်အနေဖြင့် နယူးဇီလန် အစိုးရနှင့် ပြည်သူများအတွက် စာနာထောက်ထားမိပါကြောင်းနှင့် ကြေကွဲဝမ်းနည်းရပါကြောင်း၊ သေဆုံးသူများအတွက် ဝမ်းနည်းမိသလို ဒဏ်ရာရသူများအနေဖြင့်လည်း အမြန်ဆုံး နလန်ထူနိုင်ပါရန် ဆန္ဒပြုပါကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံ ခရစ်ချာ့ချ်မြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့များ လုံခြုံရေးစည်းတားထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်ကလည်း ယင်းဖြစ်ရပ်များအတွင်း ဒဏ်ရာရသူများနှင့် ဆွေမျိုးရင်းချာများ ဆုံးပါးခဲ့ရသည့် မိသားစုဝင်များအတွက် ကြေကွဲဝမ်းနည်းကြောင်း ပြောကြားထားသည့် သဝဏ်လွှာအား နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန် (Jacinda Ardern) ထံသို့ ပေးပို့ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117