Connect with us

Europe

ယူကရိန်းတွင် အရက်အဆိပ်သင့်မှုကြောင့် သေဆုံးသူ အယောက် ၅၀ကျော်ရှိလာ

ယူကရိန်းနိုင်ငံမှ ထုတ်လုပ်သည့် ဗော်ကာအရက်အချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ယူကရိန်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံတွင် အရက်အဆိပ်သင့်မှုကြောင့် သေဆုံးသူဦးရေသည် အယောက် ၅၀ ကျော်ရှိလာပြီ ဖြစ်ကြောင်း အစားအသောက်ဆိုင်ရာဘေးကင်းမှု နှင့် စားသုံးသူ ကာကွယ်ရေး ဋ္ဌာန က အောက်တိုဘာ ၅ရက်ကပြောကြားခဲ့သည်။

အန္တရာယ်ရှိသည့် အရက်တုများသောက်သုံးမှုကြောင့် အဆိပ်သင့်မှုဖြစ်စဉ် ၁၀၁ခုအား မှတ်တမ်းတင်ထားခဲ့ပြီး ၎င်းတို့အနက် ၅၁ဦးမှာ သေဆုံးခဲ့ကြောင်း ဋ္ဌာန၏ ထုတ်ပြန်ချက်၌ဖော်ပြခဲ့သည်။

ထုတ်ပြန်ချက်အရ သေဆုံးခဲ့သူ ၃၈ဦးသည် အရှေ့ပိုင်း Kharkov ဒေသမှ ဒေသခံပြည်သူများဖြစ်ပြီး အခြား ၁၃ဦးမှာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ တောင်ပိုင်း နှင့် မြောက်ပိုင်း ရှိ မတူညီသော ဒေသ လေးခု တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

အစောပိုင်းကာလများ Kharkov ဒေသသည် အန္တရာယ်ရှိသည့် ဝီစကီဖြူ အမျိုးအစားများ ထုတ်လုပ်ခြင်း နှင့် ထုပ်ပိုးရာနေရာတစ်ခု အဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ခဲ့ကြောင်း သိရသည်။

ကနဦး စုံစမ်းစစ်ဆေးမှုများအရ တရားမဝင်အရက်ထုတ်လုပ်သူများသည် ဈေးပေါပေါဖြင့် အရက်များထုတ်လုပ်ရန်အတွက် ဗော်ကာအရက်နှင့် အဆိပ်သင့်စေသည့် မီသိုင်းအရက်တို့ကို ရောစပ်ခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံတွင် ယင်းရောစပ်ထားသည့် ဗော်ကာအရက်များအား လီတာဝက် တစ်ပုလင်းလျှင် အမေရိကန်ဒေါ်လာ ၁ဒေါ်လာခန့်ဖြင့် ဈေးများတွင်ရောင်းချနေသည့်အချိန်၌ အရည်အသွေးပြည့်မီသည့် ဗော်ကာအရက် လီတာဝက် တစ်ပုလင်းလျှင် အမေရိကန်ဒေါ်လာ ၂.၈ဒေါ်လာ ကျသင့်ကြောင်း သိရသည်။

ယူကရိန်း ယမကာထုတ်လုပ်သူများအသင်း “Ukrvodka” ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံအတွင်း ရောင်းချနေသည့် အရက်များ၏ တစ်ဝက်ခန့်သည် ရောစပ်ထားသည့် အရက်တုများဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.