Connect with us

Europe

လေဖြတ်ရောဂါဖြင့် အစ္စရေးသမ္မတ(ဟောင်း) ရှီမွန်ပီရက်စ် ဆေးရုံတက်ရ

အစ္စရေးသမ္မတ(ဟောင်း) ရှီမွန်ပီရက်စ် အားတွေ့ရစဉ် (ဆင်ဟွာ)

စက်တင်ဘာလ ၁၄ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ သမ္မတ(ဟောင်း) ရှီမွန်ပီရက်စ်(Shimon Peres) သည် လေဖြတ်ဝေဒနာခံစားရသဖြင့် စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ဆေးရုံတင်လိုက်ရကြောင်း ၎င်း၏ ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အစ္စရေးနိုင်ငံ၏ ၉ ယောက်မြောက် သမ္မတကို တဲလ်အဗစ်မြို့အပြင်ဖက်ရှိ Tel Hashomer ဆေးရုံသို့တင်ပို့ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ အခြေအနေက တည်တည်ငြိမ်ငြိမ်ပါပဲ။ သူကောင်းကောင်း သတိရနေပါတယ် ” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ “ သူ့ကျန်းမာရေးအခြေအနေအရ ဆေးကုသမှု ခံယူရတာပါ” ဟု ဖြည့်စွက်ပါရှိသည်။
အသက် ၉၃ နှစ်အရွယ် ရှိ ရှီမွန်ပီရက်စ်သည် အစ္စရေးနိုင်ငံ၏ အထင်ရှားဆုံးသမ္မတ တစ်ဦးဖြစ်သည်။
ပီရက်စ်သည် ပြီးခဲ့သော ဇန်နဝါရီလကလည်း ရင်ဘတ်နာကျင်မှုဝေဒနာကြောင့် ဆေးရုံ နှစ်ကြိမ်တက်ခဲ့ရသေးသည်။ ထို့နောက်တွင် နှလုံးခုန်ပုံမှန်မဟုတ်သည့် ရောဂါလက္ခဏာများလည်း ခံစားရခဲ့ကြောင်း သိရသည်။
အစ္စရေးသမ္မတ(ဟောင်း)သည် ၎င်းကိုယ်တိုင် ဦးဆောင် တည်ထောင်ထားသော ပီရက်စ်ငြိမ်းချမ်းရေးစင်တာမှ လုပ်ငန်းတာဝန်များကို ၂ဝ၁၄ ခုနှစ်တွင် အနားယူခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေးစင်တာသည် အရှေ့အလယ်ပိုင်းရှိ ဂျူးလူမျိုးများ နှင့် အာရပ်လူမျိုးများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် စည်းရုံးလှုံ့ဆော်ပေးသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ထို့ပြင် ပီရက်စ်သည် ကမ္ဘာတစ်ဝန်း၌ အဆင့်မြင့်နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာလှုပ်ရှားခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.