Connect with us

Europe

ပိုလန်တွင် ထရပ်ကားနှင့် ခရီးသည်တင်ရထားတစ်စီး တိုက်မိမှုကြောင့် ၁ ဦး သေဆုံး၊ ၂၈ ဦး ဒဏ်ရာရ

ယာဉ်တိုက်မှုဖြစ်ပွားသည့် အခင်းဖြစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက် )

ဝါဆော ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

ပိုလန်နိုင်ငံ အနောက်မြောက်ပိုင်း Szczecinမြို့အနီးတွင် ဇွန်လ ၁၃ ရက်က ထရပ်ကားနှင့် ခရီးသည်တင် ရထားတစ်စီး တိုက်မိမှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၂၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သစ်တင်ထားသော ထရပ်ကားတစ်စီးသည် ဇွန်လ ၁၃ ရက် မွန်းလွဲပိုင်း ၁ နာရီခန့်က Szczecinမြို့ တောင်ဘက်တွင် ခုတ်မောင်းလာသည့် ခရီးသည်တင်ရထားတစ်စီးနှင့် တိုက်မိသောကြောင့် ယာဉ်မောင်းအခင်းဖြစ်ပွားသောနေရာတွင် သေဆုံးခဲ့ကြောင်း၊ ရထားယာဉ်မောင်းအပါအဝင် လူ ၂၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၇ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ပိုလန်မီဒီယာများတွင် ဖော်ပြချက် များအရ သိရသည်။

ဒေသခံရဲတပ်ဖွ့ဲက ဒဏ်ရာပြင်းထန်သူ ၇ ဦးအား ရဟတ်ယာဉ်ဖြင့် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပြီး ဖြစ်ပြီး လတ်တလော အသက်အန္တရာယ်စိုးရိမ်ရသူမရှိကြောင်း၊ ယာဉ်တိုက်မှုကြောင့် ထရပ်ကားတစ်စီးလုံး ပျက်စီးသွားပြီး ရထားခေါင်းခန်းနှင့်ရထားလမ်းအချို့ပျက်စီးခဲ့သောကြောင့် Szczecinမြို့နှင့် Kostrzyn မြို့အကြား ရထားလမ်းအား ခေတ္တရပ်နားထားကြောင်း ဆိုသည်။

လက်ရှိ ယာဉ်တိုက်မှုဖြစ်ပွားသည့် အသေးစိတ်အခြေအနေကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.