Connect with us

Europe

ဆီးရီးယားနယ်စပ်၌ တူရကီက ကွန်ကရစ်တံတိုင်းများတည်ဆောက်

ဆီးရီးယားနယ်စပ်၌ တူရကီက ကွန်ကရစ်တံတိုင်းတည်ဆောက်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

အန်ကာရာ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

တူရကီစစ်တပ်သည် ဆီးရီးယားနယ်စပ်တစ်လျှောက်၌ လုံခြုံရေးထိန်းသိမ်းရန်အတွက် ၃.၆မီတာ အမြင့်ရှိသည့် ကွန်ကရစ်တံတိုင်းများ တည်ဆောက်နေကြောင်း Anadolu သတင်းဋ္ဌာနက စက်တင်ဘာ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

တူရကီစစ်တပ် သည် Surucမြို့၊ Sanlirufaမြို့၊ Karkamisမြို့ နှင့် Gaziantepမြို့ ကြားရှိ တူရကီ-ဆီးရီးယား နယ်စပ်တစ်လျှောက်တွင် တွဲဆက် ကွန်ကရစ်တံတိုင်းများ တည်ဆောက်နေကြောင်း သိရသည်။
အရှည်လေးကီလိုမီတာ ရှိသည့် ကွန်ကရစ်တံတိုင်းကြီးအား Suruc မြို့နှင့် Mursitpinar နယ်စပ်အရှေ့ တစ်ကီလိုမီတာ အပိုင်းကို ဖြတ်သန်းထားသည့် Mursitpinar နယ်စပ်အနောက်ပိုင်းတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
နယ်စပ် လုံခြုံရေးကို တိုးမြှင့်ရန်အတွက် အဆိုပါ တံတိုင်းအား ဘလိပ်ဆူးကြိုးများ၊ စောင့်ကြည့်မျှော်စင်များဖြင့် အားဖြည့်တည်ဆောက်သွားမည်ဖြစ်ပြီး ဒီမိုကရက်တစ်ပြည်ထောင်စု ပါတီ (PYD) နှင့် ကာဒစ္စတန် အလုပ်သမားများ ပါတီ (PKK) တို့၏ရန်မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း Sanlurfa ပြည်နယ် အရှေ့တောင်ပိုင်း Suruc ခရိုင် အုပ်ချုပ်ရေးမှူးကို ကိုးကား၍ ဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် တူရကီစစ်တပ်သည် ဆီးရီးယားနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်တစ်လျှောက်တွင် စက်တင်ဘာ ၁ ရက်က လုံခြုံရေးတပ်ဖွဲ့များ စေလွှတ်ထားကြောင်းသိရသည်။
ထို့အပြင် Qarqamishမြို့ နှင့် Gaziantepမြို့ အနီးရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် နေရာချထားသည့် တင့်ကား ၈စီး နှင့် ကျည်ကာယာဉ် ၂စီး အား နယ်စပ်အနီးရှိ Turkyurdu မြို့သို့စေလွှတ်ထားကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံတွင် ၂၀၁၁ခုနှစ်ကတည်းက ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး တူရကီနိုင်ငံသည် ဆီးရီးယားနှင့် ကီလိုမီတာ ၉၀၀ နယ်နိမိတ်ချင်းထိစပ်နေကြောင်း သိရသည်။
တူရကီစစ်တပ်သည် IS အကြမ်းဖက်အုပ်စုအား ဖယ်ရှားရန် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း နယ်စပ်မြို့ဖြစ်သည့် Jarablus မြိုက ရှိ အမေရိကန်ဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့ နှင့်အတူ သြဂုတ် ၂၄ ရက်က နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.