Connect with us

Europe

ပေါ်တူဂီ နိုင်ငံ တွင် ယာဉ်တိုက်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိ

ပေါ်တူဂီ နိုင်ငံ တွင် ၂၀၀၇ ခုနှစ် ၌ ဖြစ်ပွား ခဲ့သည့် ယာဉ်တိုက်မှု တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လစ္စဘွန်း ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

ပေါ်တူဂီ နိုင်ငံ မြို့တော် လစ္စဘွန်း မြို့ အနီး တွင် ဇွန်လ ၂၁ ရက်နေ့ က ဆိုးရွားသည့် ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွားရာ လူ အနည်းဆုံး ၆ ဦး သေဆုံး ပြီး ၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

ပေါ်တူဂီ နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်အရ ယာဉ်တိုက်မှု သည် ဇွန်လ ၂၁ ရက် နံနက် ၇ နာရီတွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ခရီးသည် ၇ ဦး လိုက်ပါခဲ့သည့် ယာဉ် တစ်စင်း နှင့် ကုန်တင်ကားငယ် တစ်စင်း ခေါင်းချင်းဆိုင် တိုက်မှု ဖြစ်ပွား ခဲ့ရာ ခရီးသည်တင် ကား ပေါ်တွင် လိုက်ပါခဲ့သည့် လူ ၆ ဦး မှာ အခင်းဖြစ်ပွား သည့် နေရာ တွင် သေဆုံးခဲ့ကြောင်း ၊ အခြား ခရီးသည် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ကုန်တင်ကား ပေါ်ရှိ လူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ ယာဉ်တိုက်မှု ဖြစ်ပွားစဉ် မိုးသည်းထန်စွာ ရွာသွန်းနေပြီး ယင်းမှာ ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ရသည့် အဓိက အကြောင်းအရင်း ဖြစ်နိုင်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.