Connect with us

Europe

စပိန်နိုင်ငံ တရားရုံးချုပ်က မက်ဆီအား အခွန်တိမ်းရှောင်မှုဖြင့် ပြစ်ဒဏ်ချမှတ်

စပိန်နိုင်ငံ တရားရုံးချုပ်သို့ တရားရင်ဆိုင်ရန် ရောက်ရှိလာသည့် လီယွန်နယ် မက်ဆီ အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မက်ဒရစ်၊ မေ ၂၅ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ တရားရုံးချုပ် က ဘာဆီလိုနာအသင်း ဘောလုံးသမား လီယွန်နယ် မက်ဆီ အား အခွန်တိမ်းရှောင်မှု ဖြင့် ထောင်ဒဏ် ၂၁ လ နှင့် ဒဏ်ငွေ ယူရို ၂သန်းပေးဆောင်ရမည့် အပြစ်ဒဏ်အား မေလ ၂၄ ရက် က အတည်ပြုပေးခဲ့ကြောင်း တရားရုံးသတင်းရင်းမြစ်များမှ သိရသည်။

စပိန်တရားရုံးက မက်ဆီ၏ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားခဲ့ရန် မျှော်လင့်ရသော်လည်း အယူခံတင်သွင်းမှုကိုမူ ပယ်ချခဲ့သည်။ စပိန်နိုင်ငံ ၏ ဥပဒေအရ ထောင်ဒဏ် ၂နှစ်အောက် ချမှတ်ခံရပြီး ပြစ်မှုမှတ်တမ်းမရှိသူများအနေဖြင့် ထောင်အတွင်း နေထိုင်စရာမလိုကြောင်း သိရသည်။

မက်ဆီ၏ အဖေဖြစ်သူ Jorge Horario Messi ၏ ထောင်ဒဏ်ကို ၁၅လ အဖြစ် လျှော့ပေါ့သတ်မှတ်ခဲ့သလို မက်ဆီသည် တရားမဝင် ပိုက်ဆံများအား အခွန်အာဏာပိုင်များထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

Jorge အပါအဝင် သားဖြစ်သူ မက်ဆီ တို့ နှစ်ဦးသည် ၂၀၀၇ခုနှစ် မှ ၂၀၀၉ ခုနှစ်အထိ အခွန်တိမ်းရှောင်မှု သုံးခါပြုလုပ်ခဲ့သည်ကို ၂၀၁၆ခုနှစ် ဇူလိုင်လတွင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ ဗြိတိန်၊ ဆွစ်ဇာလန်၊ ဗေလိဇ် နှင့် ဥရုဂွေးနိုင်ငံများရှိ ကုမ္ပဏီများ က မက်ဆီ၏ ကစားသမား ပုံရိပ်အသုံးပြုခွင့် နှင့် ပတ်သက်သော စာချုပ်များမှ တစ်ဆင့်ပေးခဲ့သော ယူရိုငွေ ၄.၁၆သန်း အပေါ် ၎င်းတို့ နှစ်ဦးသည် အခွန်ပေးဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။

သို့သော် မက်ဆီက ၎င်းသည် ဝင်ငွေများအား မည်ကဲ့သို့ စီမံခန့်ခွဲနေသည်ကို လုံးဝမသိရှိပါကြောင်း နှင့် ၎င်း၏ ဖခင်ကို ယုံကြည်သဖြင့် ငွေကြေးဆိုင်ရာများကိစ္စရပ်အလုံးစုံကို လွှဲအပ်ထားကြောင်း ခုခံပြောဆိုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.