Connect with us

Europe

ပြင်သစ် နှင့် ရုရှား နိုင်ငံ ခေါင်းဆောင်တို့မှ အကြမ်းဖက်မှု နှိမ်နင်းရေး တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လိုကြောင်း ပြောကြား

ပြင်သစ် နိုင်ငံ သမ္မတ အန်မာနျူရယ် မက်ခရွန် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင် တို့အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ် ၊ မေ ၃၀ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ သမ္မတ အန်မာနျူရယ် မက်ခရွန်( Emmanuel Macron) နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင် တို့သည် မေလ ၂၉ ရက်နေ့က နှစ်နိုင်ငံ အနေဖြင့် အကြမ်းဖက်မှု နှိမ်နင်းရေး ကိစ္စရပ် တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားလိုကြောင်း ပြောကြား ခဲ့ကြသည်။

မက်ခရွန် နှင့် ပူတင်တို့သည် မေလ ၂၉ ရက်နေ့တွင် Versailles နန်းတော်၌ တွေ့ဆုံ ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးမှု အပြီး ပြုလုပ်ခဲ့သည့် ပူးတွဲ သတင်းကြေညာချက် သတင်းစာရှင်းလင်းပွဲတွင် မက်ခရွန် က ပြင်သစ်နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ နှင့် အကြမ်းဖက် မူဝါဒ တိုက်ဖျက်ရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လိုကြောင်း ပြောကြား ခဲ့သည်။

ပူတင်က သတင်းစာရှင်းလင်းပွဲ တွင် ရုရှား နိုင်ငံ အနေဖြင့် အကြမ်းဖက်မှု နှိမ်နင်းရေး ကို ဦးစားပေး ဆောင်ရွက်ရန် သဘောတူပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုဖြင့် အကြမ်းဖက် မူဝါဒ အား ချေမှုန်းနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.