Connect with us

Europe

စပိန်နိုင်ငံတွင် ဂီတပွဲတော်တွင် စင်ပြိုကျမှုကြောင့် ရာပေါင်းများစွာ ဒဏ်ရာရရှိ

စပိန်နိုင်ငံတွင် တေးဂီတဖျော်ဖြေပွဲ၌ သစ်သားစင်ပြိုကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မက်ဒရစ်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံတွင် ပြုလုပ်သော တေးဂီတပွဲတော် တစ်ခုအတွင်း သစ်သားစင်မြင့် ပြိုကျပြီးနောက် လူ ၃၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက သြဂုတ်လ ၁၃ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ စင်မြင့်သည် စပိန်နိုင်ငံ အနောက်မြောက်ဘက် Vigo မြို့တွင် သြဂုတ်လ ၁၂ ရက် ညသန်းခေါင်ယံက ရက်ပ် အဆိုတော်တစ်ဦး သီဆိုမှုအား လူအများက စုပြုံတိုးကြည့်ရင်း ပြိုကျခြင်း ဖြစ်ကြောင်း Vigo မြို့တော်ဝန် Abel Caballero က အခင်းဖြစ်ပွားရာနေရာ၌ ပြောကြားခဲ့သည်။“အခင်းဖြစ်ပွားရတဲ့အကြောင်းရင်းကို စိစစ်နေပါသေးတယ်။ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတာတော့ မရှိပါဘူး” လို့ ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117