Connect with us

Europe

မန်ချက်စတာ ဗုံးခွဲသူ၏ ဖခင်နှင့် ညီတို့အား ထရိုင်ပိုလီတွင် ဖမ်းမိ

မန်ချက်စတာ ဗုံးခွဲသူ၏ဖခင် ရာမတ်ဒန် အာဘန်ဒီ (ယာ) နှင့် ညီ ဟာရှန်အာဘတ်ဒီ

ထရိုင်ပိုလီ၊ မေ ၂၅ ရက် (ဆင်ဟွာ)

မန်ချက်စတာမြို့ ဗုံးဖောက်ခွဲသူ၏ ဖခင်နှင့် အစ်ကိုဖြစ်သူတို့အား လစ်ဗျားနိုင်ငံ ထရိုင်ပိုလီမြို့တွင် ဖမ်းဆီးမိခဲ့ကြောင်း လုံခြုံရေး သတင်းရင်းမြစ် တစ်ဦးက ဆင်ဟွာသို့ ပြောသည်။

“ဆဲလ်မန်ရဲ့ ညီအငယ် ဟာရှန်အာဘတ်ဒီကို ဖမ်းမိပြီး နောက်တစ်နေ့မှာပဲ ဆဲလ်မန်အာဘတ်ဒီရဲ့ ဖခင် ရာမတ်ဒန် အာဘန်ဒီကို ထရိုင်ပိုလီမှာရှိတဲ့ သူရဲ့ နေအိမ်မှာပဲ Rada လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိခဲ့ပါတယ်၊ အိုင်အက်စ်တွေနဲ့ ဆက်သွယ်မှုရှိတယ်လို့ သံသယနဲ့ သူတို့ကို ဖမ်းဆီးတာပါ” ဟု သတင်းရင်းမြစ်က ပြောသည်။

“ဟာရှန် အာဘတ်ဒီ ကို မန်ချက်စတာ တိုက်ခိုက်မှုမှာ ဆက်စပ်မှု ရှိမရှိနဲ့ ဥရောပ သို့မဟုတ် လစ်ဗျား၌ အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သလား ဆိုသည့် အချက်အား စစ်ဆေးမေးမြန်းလျက်ရှိပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့တွင် မေလ ၂၂ ရက်က တေးဂီတ ဖျော်ဖြေရေးခန်းမ တစ်ခုတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုတွင် လူပေါင်း ၂၂ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရာမတ်ဒန်ကမူ ၎င်း၏ အသက် ၂၂ နှစ်အရွယ် သားဖြစ်သူမှ အဆိုပါ သွေးချောင်းစီး တိုက်ခိုက်မှုအား လုပ်ဆောင်ခဲ့သူဟု စွပ်စွဲချက်ကို ငြင်းဆိုထားပြီး ၎င်း၏ သားမှာ ဘာသာရေး ကိုင်းရှိုင်းသူဖြစ်၍ အစွန်းရောက် စိတ်ကူးမျိုး လုပ်ဆောင်မည့်သူ မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဖခင်၏ အဆိုအရ ဆဲလ်မန်သည် လစ်ဗျားရှိ မိသားစုထံ မကြာခဏ လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.