Connect with us

Europe

ပဋိပက္ခဖြစ်ပွားစေခဲ့သည့် ချယ်ဆီးလ်ပရိသတ် လေးဦးအား ဆိုင်းငံ့ထောင်ဒဏ် အသီးသီးချမှတ်

ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရသည့် ချယ်ဆီးလ်ပရိသတ် တစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပါရီ၊ ဇန်နဝါရီ ၄ရက် (ဆင်ဟွာ)

ပြင်သစ်တရားရုံးတစ်ခုက ဇန်နဝါရီ ၃ရက်တွင် လူမျိုးရေးဆိုင်ရာ ပဋိပက္ခဖြစ်ပွားစေခဲ့သည့် ချယ်ဆီးလ်ဘောလုံးအသင်း ပရိသတ်လေးဦးအား ဆိုင်းငံ့ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း ပြည်တွင်း သတင်းစာတစ်စောင်က ဖော်ပြခဲ့သည်။

တရားရုံးသို့ ရောက်ရှိလာခဲ့သည့် James Fairbairn နှင့် Josh Parsons တို့အား ဆိုင်းငံ့ထောင်ဒဏ် ၈လ နှင့် ၆လ အသီးသီးချမှတ်ခဲ့ကြောင်း Le Parisien တွင်ဖော်ပြခဲ့သည်။

အဆိုပါ တရားခံနှစ်ဦးသည် အသက် ၂၅နှစ် နှင့် ၂၂နှစ် အရွယ်များဖြစ်ကြပြီး ၎င်းတို့သည် ၂၀၁၅ခုနှစ်တွင် ပြင်သစ်နိုင်ငံ မြို့တော် ပါရီမြို့၌ ရထားတစ်စီးပေါ်သို့တက်ရောက်မည့် လူမည်းတစ်ဦးရှေ့တွင် ပိတ်ဆို့ထားခဲ့ရာမှ လူမျိုးရေးဆိုင်ရာ ပဋိပက္ခဖြစ်ပွားစေခဲ့ကြောင်း သိရသည်။

အခြားတရားခံနှစ်ဦးသည် တရားရုံးသို့ ရောက်ရှိလာခြင်းမရှိဘဲ ၎င်းတို့အား ဆိုင်းငံ့ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခဲ့သည်။ တရားခံလေးဦးစလုံးအား ပါရီမြို့နှင့်အနီးအနားရှိ မြို့များသို့ ဝင်ခွင့် ၂နှစ်ပိတ်ခဲ့ကြောင်း သိရသည်။

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလတွင် ချယ်ဆီးလ်အသင်းနှင့် ပါရီစိန့်ဂျာမိန်းအသင်းတို့ ယှဉ်ပြိုင်ကစားကြသည့် ချန်ပီယံလိဂ်ဘောလုံးပွဲ ၌ အမျိုးသားလေးဦးက “ငါတို့သည် လူမျိုးရေးခွဲခြားသူများဖြစ်ပြီး အဲ့ဒီလမ်းစဉ်ကို နှစ်သက်သူများ” ဟုကြွေးကြော်ကာ Mauritanian နိုင်ငံဖွား ပြင်သစ်နိုင်ငံသား Souleymane Sylla အား ရထားပေါ်သို့မတက်ရောက်နိုင်ရန် ပိတ်ဆို့တားဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.