Connect with us

Europe

ပြင်သစ် နိုင်ငံ Marseille မြို့ တွင် တိုက် နှစ် တိုက် ပြိုကျမှု ဖြစ်ပွားရာ လူ အများ ပျောက်ဆုံးနေ

ပြင်သစ် နိုင်ငံ တွင် တိုက်ပြိုကျမှု ဖြစ်ပွား ခဲ့သည့် Marseille မြို့ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ပဲရစ် ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ တောင်ပိုင်း Marseille မြို့ လယ်ရှိ တိုက် နှစ် တိုက် က နိုဝင်ဘာ ၅ ရက် တွင် ပြိုကျမှု ဖြစ်ပွား ခဲ့ရာ လူအများအပြား ပျောက်ဆုံးနေကြောင်း သိရှိရသည်။

ပြင်သစ် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ တိုက်ပြိုကျမှု သည် နိုဝင်ဘာ ၅ ရက် နံနက်ပိုင်း အချိန်တွင် ဖြစ်ပွား ခဲ့ပြီး လူ ၂ ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း ၊ အချင်းမဖြစ်ပွားချိန် ကပင် ပြိုကျ ခဲ့သည့် တိုက်နှစ်တိုက် အနက် တစ်တိုက်မှာ အန္တရာယ်ရှိသော အဆောက်အဦ ဖြစ်ကြောင်း အကြောင်းကြား ခဲ့ပြီး ထွက်ခွာရန် သတိပေး ခဲ့ကြောင်း ၊ လုံခြုံမှု ရှိရန် အတွက် ကယ်ဆယ်ရေး အဖွဲ့ က အချင်းဖြစ်ပွားသည့် နေရာ ဘေးတွင် ရှိသည့် အန္တရာယ်ရှိသော အဆောက်အဦ ကိုလည်း ဖြိုချ ခဲ့ကြောင်း သိရှိရသည်။

ပြင်သစ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီး Christophe Castaner က ညပိုင်း အချိန်တွင် အချင်းဖြစ်ပွား သည့် နေရာ သို့ ရောက်ရှိလာခဲ့ပြီး အချင်းဖြစ်ပွားစဉ် တိုက်အတွင်း လူ ၈ ဦး ရှိနေနိုင်ပြီး လမ်းသွားလာသူ ၂ ဦး လည်း ပျောက်ဆုံး နေကြောင်း ၊ လက်ရှိချိန်တွင် လူမည်မျှ ပျောက်ဆုံးနေသည် ကို အတည်မပြုနိုင်သေးဘဲ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းမီဒီယာ များအား ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် ကယ်ဆယ်ရေး အဖွဲ့ဝင်များ က အချင်းဖြစ်ပွားသည့် နေရာ တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေပြီး အချင်းဖြစ်ပွားရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ စုံစမ်းနေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.