Connect with us

Europe

ရုရှား နိုင်ငံ က ရေနံ ကုန်သွယ်မှု အား ယူရိုငွေကြေး ဖြင့် တွက်ချက်မှုများ ဆောင်ရွက်သွားလိုကြောင်း ပြောကြား

ရုရှား နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး Anton Siluanov အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး Anton Siluanov က ရုရှား နိုင်ငံ အနေဖြင့် ဥရောပ နိုင်ငံ များနှင့် ပူးပေါင်း၍ ရေနံ ကုန်သွယ်မှု ကဏ္ဍ တွင် ယူရိုငွေကြေး ဖြင့် တွက်ချက်မှုများ ဆောင်ရွက်သွားလိုကြောင်း အောက်တိုဘာ ၅ ရက် ၌ ပြောကြား ခဲ့သည်။

Anton Siluanov က သတင်းမီဒီယာ ၏ မေးမြန်းမှု အား ဖြေကြားရာတွင် ရေနံ ကုန်သွယ်မှု အား ယူရိုငွေကြေး ဖြင့် တွက်ချက်မှု ဆောင်ရွက်ရန် နှစ်ဦးနှစ်ဖက် အတူတကွ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် လိုအပ်ပြီး ရုရှား နိုင်ငံ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် ဥရောပ နိုင်ငံများနှင့် ပူးပေါင်းခြင်း က အမေရိကန် နိုင်ငံ ၏ ပိတ်ဆို့အရေးယူမှု အပေါ် တုံ့ပြန် ဆောင်ရွက်မှု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရေနံ အား အမေရိကန် ဒေါ်လာ ဖြင့် တွက်ချက်မှု မပြုလုပ်ခြင်း သည် ဥရောပ နှင့် ရုရှား နိုင်ငံ တို့အတွက် တူညီသည့် အကျိုးကျေးဇူး များတည်ရှိနေပြီး အီးယူ ကော်မရှင် ဥက္ကဋ္ဌ က စက်တင်ဘာလ ၌ ယူရိုငွေကြေးအား ပိုမို မြှင့်တင်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ လက်ရှိချိန်တွင် အီးယူ နိုင်ငံ များ တင်သွင်းသည့် ရေနံများတွင် ၂ ရာခိုင်နှုန်း သာ အမေရိကန် နိုင်ငံ မှ တင်သွင်းခြင်း ဖြစ်သော်လည်း ရေနံ တင်သွင်းမှု စုစုပေါင်း ၏ ၈၀ ရာခိုင်နှုန်း အား အမေရိကန် ဒေါ်လာ ဖြင့် တွက်ချက်မှု ဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.