Connect with us

Europe

လန်ဒန်တာဝါ မီးလောင်မှု သေဆုံးသူ ၁၂ဦးရှိလာ


လန်ဒန်၊ ဇွန်

လ ၁၅ ရက် (ဆင်ဟွာ)

လန်ဒန်မြို့ ရှိ ၂၄ထပ်တိုက် Grenfell တာဝါတွင် ဇွန်လ ၁၄ ရက် နံနက်အစောပိုင်းတွင် မီးအကြီးအကျယ် လောင်ကျွမ်းခဲ့မှုကြောင့် သေဆုံးသူ ဦးရေသည် ဇွန်လ ၁၄ ရက် ညပိုင်းတွင် ၁၂ဦးအထိ မြင့်တက်လာပြီး သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်ကြောင်း သိရှိရသည်။

အဆိုပါ Grenfell တာဝါရှိ နေအိမ်တိုက်ခန်းပေါင်း ၁၂၀ ခန်းတွင် လန်ဒန်မြို့သား ၄၀၀ မှ ၆၀၀ ဦးအထိ နေထိုင်လျက်ရှိကြောင်း သိရသည်။ မီးလောင်မှုကြောင့် လူပေါင်း ၈၀ဦးကို လန်ဒန်မြို့ တစ်ဝန်းရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အနက် တချို့မှာ မီးလောင်ဒဏ်ရာအများအပြားရရှိခဲ့၍ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

မီးအကြီးအကျယ်လောင်ကျွမ်းခဲ့သည့် Grenfell တာဝါ အားတွေ့ရစဉ် (ဆင်ဟွာ)

မီးအကြီးအကျယ်လောင်ကျွမ်းခဲ့သည့် Grenfell တာဝါ အားတွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်မြို့ ရဲမှူး Stuart Cundy က သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်ကြောင်း၊ သို့သော် အမှန်တကယ် ပျောက်ဆုံးနေသူစာရင်းကို သိရှိခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ က မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို အပြည့်အဝ စုံစမ်းစစ်ဆေးသွားမည်ဟု ဇွန်လ ၁၄ ရက် ညပိုင်းက ကတိစကားပြောကြားခဲ့သည်။

သက်တမ်း နှစ် ၄၀ရှိပြီဖြစ်သော Grenfell တာဝါ၏ မျက်နှာစာအခြမ်းကို လွန်ခဲ့သည့် တစ်နှစ်ခန့်က ပြုပြင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀သန်း ကုန်ကျခဲ့ကြောင်းသိရသည်။

သို့သော် ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ ယင်းပြုပြင်မှုနှင့် ပတ်သက်၍ နေထိုင်သူများ က ကောင်စီတာဝန်ခံများထံ ၎င်းတို့၏ မကျေနပ်ချက်များကို တင်ပြခဲ့ကြောင်း သိရသည်။

မီးလောင်မှုသည် ဇွန်လ ၁၄ ရက် နံနက်အစောပိုင်း၌ တာဝါ၏ ၄လွှာ ပတ်ဝန်းကျင်လောက်တွင် စတင်လောင်ကျွမ်းခဲ့ပြီး မိနစ်ပိုင်းအတွင်း တာဝါတစ်ခုလုံးကို မီးတောက်များက ဝါးမျိုသွားခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် မေ က မီးငြိမ်းသတ်မှု လုပ်ငန်းစဉ်များ ပြီးဆုံးသွားပါက စုံစမ်းစစ်ဆေးမှုတစ်ခုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ယင်းမီးလောင်မှု သည့် ကြောက်လန့်ဖွယ် ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

Grenfell တာဝါ သည် လန်ဒန်မြို့ အနောက်ပိုင်း Kensington နှင့် Chelsea ခရိုင် ရှိ Latimer လမ်းမပေါ်တွင်တည်ရှိပြီး နေအိမ် ၁,၀၀၀ ကျော်ပါဝင်သည့် Lancaster West Estate အိမ်ယာဝင်း ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.