Connect with us

Europe

ရုရှား နိုင်ငံ သမ္မတ ပူတင် က အမေရိကန် နိုင်ငံ ၏ ရုရှား နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုသည် နှစ်နိုင်ငံလုံးကို ထိခိုက်စေမည် ဖြစ်ကြောင်း ပြောကြား

ရုရှား နိုင်ငံ ပြည်သူလူထု တို့မှ "ပူတင် နှင့် တိုက်ရိုက် ဆက်သွယ်ခြင်း"ရုပ်မြင်သံကြား အစီအစဉ် ကို ကြည့်ရှု နေစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ ပူတင် က အမေရိကန် နိုင်ငံ မှ ရုရှား နိုင်ငံ အား ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ခဲ့သောကြောင့် ကုလသမဂ္ဂ ၏ စာရင်းပြုစုချက်အရ ရုရှား နိုင်ငံပြည်တွင်း ကုန်ထုတ်လုပ်မှု စုစုပေါင်း ၁ ရာခိုင်နှုန်း ကျဆင်းစေခဲ့ပြီး အမေရိကန် နိုင်ငံ မှလည်း အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံ ဆုံးရှုံးနစ်နာမှု ဖြစ်ပွားစေခဲ့ကြောင်း ဇွန်လ ၁၅ ရက်နေ့က ပြောကြား ခဲ့သည်။

ပူတင် က ရုပ်သံထုတ်လွှင်မှု အစီအစဉ် တစ်ခုတွင် အမေရိကန် နိုင်ငံ မှ ဆောင်ရွက်နေသော ပိတ်ဆို့အရေးယူမှုသည် နှစ်နိုင်ငံလုံးအတွက် ထိခိုက်နစ်နာမှု ဖြစ်ပွားစေခဲ့ကြောင်း ၊ ရုရှား နိုင်ငံ အား ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ ၏ စာရင်းပြုစုချက်အရ ရုရှား နိုင်ငံ မှ အမေရိကန် ဒေါ်လာ ၅၀ ဘီလီယံ မှ ၅၂ ဘီလီယံ အကြား ဆုံးရှုံးမှု ဖြစ်ပွားစေသော်လည်း အမေရိကန် နိုင်ငံ ကိုယ်တိုင် ဆုံးရှုံးနစ်နာမှု သည် အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံ အထိရှိခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ၏ ပိတ်ဆို့အရေးယူမှု သည် ရုရှား နိုင်ငံ အတွက် ကောင်းမွန် စေသည့် ကိစ္စရပ် များလည်း ရှိစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

“ပူတင် နှင့် တိုက်ရိုက် ဆက်သွယ်ခြင်း”ရုပ်မြင်သံကြား အစီအစဉ် သည် ၂၀၀၁ ခုနှစ် မှ စတင်၍ နှစ်စဉ် ကျင်းပ ခဲ့သည့် အစီအစဉ် တစ်ရပ် ဖြစ်ပြီး ရုရှား နိုင်ငံ သမ္မတ ပူတင် က ပြည်သူလူထု များနှင့် တိုက်ရိုက်ဆက်သွယ်သည့် ပုံစံမျိုးဖြင့် ပြည်သူလူထု တို့မှ စိတ်ဝင်စား မေးမြန်းမှု များကို ပြန်လည် ဖြေကြား ပေးသည့် အစီအစဉ် တစ်ရပ် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.