Connect with us

Europe

၂၀၁၆ခုနှစ်အတွင်း ဘူလ်ဂေးရီးယားက တရားမဝင် နေထိုင်သူ ၁,၄၁၀ဦးအား လာရင်းနိုင်ငံသို့ပြန်ပို့

ဘူလ်ဂေးရီးယားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများအား ရဲတပ်ဖွဲ့က တားဆီးနေစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုဖီယာ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ဘူလ်ဂေးရီးယားနိုင်ငံ သည် ၂၀၁၆ခုနှစ် အတွင်း နိုင်ငံ၌ တရားမဝင် နေထိုင်သူ ၁,၄၁၀ဦးအား ၎င်းတို့၏ လာရင်းမူလနိုင်ငံများသို့ ပြန်ပို့ခဲ့ပြီး ၂၀၁၅ခုနှစ်ထက် ၇၇ရာခိုင်နှုန်းတိုးတက်လာကြောင်း ဘူလ်ဂေးရီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီး က ဇန်နဝါရီ ၉ ရက် ထုတ်ပြန်ချက် တွင်ဖော်ပြခဲ့သည်။

လာရင်းနိုင်ငံသို့ ပြန်ပို့ခံရသည့် နိုင်ငံခြားသားများအနက် ၄၁၃ဦးမှာ အတင်းအကျပ်ပြန်ပို့ခြင်းခံရပြီး ၂၃၆ဦးမှာ ၎င်းတို့ဆန္ဒအလျောက် ပြန်သွားခြင်းဖြစ်ကာ ကျန် ၆၃၉ဦးမှာ မူလနိုင်ငံသို့ပြန်ရန် စီစဉ်ပေးသည့် အစီအစဉ်များဖြင့် ပြန်သွားကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြခဲ့သည်။

ပြန်ပို့ခံရသည့်နိုင်ငံခြားသားများအနက် အများစုမှာ အီရတ်နိုင်ငံသားများ (၄၉၄ဦး) ဖြစ်ပြီး ၎င်းနောက်၌ အာဖဂန်နိုင်ငံသားများက ၄၁၇ဦးဖြင့် ဒုတိယအများဆုံးလိုက်နေကြောင်း သိရသည်။

၂၀၁၆ခုနှစ် တွင် ဘူလ်ဂေးရီးယားနိုင်ငံ ၌ ရွှေ့ပြောင်းဒုက္ခသည် ၁၇,၇၁၉ဦးအား အထူးအဖွဲ့အစည်းများ၌ နေရာချထားပေးပြီး ၂၀၁၅ခုနှစ် နှင့် နှိုင်းယှဉ်ပါက ၃၄ရာခိုင်နှုန်းလျော့နည်းလာကြောင်း ဝန်ကြီးဋ္ဌာနကထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.