Connect with us

Europe

သြစတြေးလျ လူငယ် အကျဉ်းထောင်မှ ဝရမ်းပြေး ၃ ဦး ထောင်ဖောက် ထွက်ပြေး

လူငယ် အကျဉ်းထောင် မှန်ပြတင်းပေါက်များအား ရိုက်ချိုးနေသည့် အကျဉ်းသားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

သြစတြေးလျ လူငယ် တရားစီရင်ရေး စင်တာမှ လွတ်မြောက်သွားခဲ့သည့် ပြစ်မှု ကျူးလွန်သူ လူငယ် ၃ ဦး ထွက်ပြေးနေကြဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ပြစ်မှု ကျူးလွန်သူ ၁၅ ဦးခန့်သည် မဲလ်ဘုန်းမြို့ အနောက်မြောက်ဘက် ၁၀၀ ကီလိုမီတာအကွာရှိ Malmsbury Youth Justice Center တွင် ဇန်နဝါရီလ ၂၅ ရက်က နေ့လည်ပိုင်းက အဓိကရုဏ်း တစ်ခု ဖြစ်ပြီးနောက် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

လွတ်မြောက်သူ အများစုမှာ ကားများ ခိုးယူကာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

ခိုးယူသွားသော ကားနှင့် ရဲကား တစ်စီး တိုက်မိသဖြင့် အကျဉ်းသား ၆ ဦးကို ဖမ်းမိခဲ့ပြီး အခြားသူ နှစ်ဦးကို လမ်းလျှောက်ထွက်ပြေးနေစဉ် ဖမ်းဆီးနိုင်ခဲ့သည်။

ကျန်ရှိသည့် ၇ ဦးအနက် ၄ ဦးကို ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီအချိန်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ကြောင်း ဗစ်တိုးရီးယားပြည်နယ် ဒုတိယ ရဲမင်းကြီးက Shane Patton က အတည်ပြု ပြောကြားခဲ့ပြီးနောက် ကျန် ၃ ဦးမှာ ဝရမ်းပြေးများအဖြစ် လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။

အကျဉ်းသားများက ထိန်းသိမ်းရေး စင်တာရှိ ဝန်ထမ်း တစ်ဦးကို တိုက်ခိုက်ပြီးနောက် လွတ်မြောက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့သည် ဝန်ထမ်း၏ သော့များကို ယူသွားပြီး ကတ်များကို ချိုးဖျက်ခဲ့ကြောင်း၊ ယင်း ပစ္စည်းများကို အသုံးပြုလျက် အကျဉ်းထောင်အတွင်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဗစ်တိုးရီးယားပြည်နယ် လက်ထောက် ရဲမင်းကြီး Rick Nugent က ဇန်နဝါရီလ ၂၆ ရက်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

အဆိုပါ ဝရမ်းပြေး ၃ ဦးသည် မော်တော်ယာဉ် နှစ်စီးဖြင့် ထွက်ပြေးလျက်ရှိသည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ကြောင်း Nugent က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.