Connect with us

Europe

ဟယ်ရီပေါ်တာ ဇာတ်ကား နှင့် အတူ ကျော်ကြားခဲ့သူ အယ်လန် ရစ်ခ်မန်း ကင်ဆာရောဂါဖြင့် ကွယ်လွန်

ဟယ်ရီပေါ်တာ ဇာတ်ကား နှင့် အတူ ကျော်ကြားခဲ့သူ အယ်လန် ရစ်ခ်မန်းအားတွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ကမ္ဘာကျော် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွင် မှော်ဆရာ ဆီးဗရက်စ် စနိပ် (Severus Snape) အဖြစ် သရုပ် ဆောင်ခဲ့သည့် ဗြိတိသျှ ရုပ်ရှင်မင်းသားကြီး အယ်လန် ရစ်ခ်မန်းသည် အသက် ၆၉ နှစ်အရွယ်၌ ကွယ်လွန် ခဲ့ကြောင်း သိရသည်။

တော်ဝင် ရှိတ်စပီးယား ကုမ္ပဏီ၏ အဖွဲ့ဝင် ရစ်ခ်မန်းသည် Die Hard, Love Actually နှင့် Robin Hood Prince of Thieves စသည့် ဇာတ်ကား အပါအဝင် အဓိကျသည့် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူဖြစ်ပြီး ၎င်း၏ သရုပ်ဆောင် ပီပြင်မှုများကြောင့် ဆုပေါင်းများစွာလည်း ရရှိခဲ့သည်။

၎င်းသည် ကင်ဆာဝေဒနာ ခံစားခဲ့ပြီးနောက်လန်ဒန်မြို့ရှိ နေအိမ်မှာပင် ကွယ်လွန်ခဲ့ကြောင်း မိသားစုဝင်များက ပြောကြားကြသည်။

ရစ်ခ်မန်းသည် သဘာဝကျကျ သရုပ်ဆောင်တတ်သူ တစ်ဦး ဖြစ်ကြောင်း ဟယ်ရီပေါ်တာ ဇာတ်လမ်း ဖန်တီးသူ စာရေးဆရာမ ဂျေကေရိုးလင်းက မှတ်ချက်ပြုထားခဲ့ဖူးသည်။ရစ်ခ်မန်းအား အေးဆေးတည်ငြိမ်သည့် လေယူလေသိမ်းကြောင့် ၎င်းအားသတိပြုကြပြီး ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများတွင် ပီပြင်သည့် သရုပ်ဆောင်မှုကြောင့် ပရိသတ် များစာွ ရရှိခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း ခင်မင်နှစ်လိုဖွယ်ရာ နှင့် လေးစားအားကျဖွယ်ကောင်းသည့် သရုပ်ဆောင် တစ်ဦး ဖြစ်ကြောင်း ရုပ်ရှင်နှင့် ပြဇာတ် ဝေဖန်သူများက ဖော်ညွှန်းခြင်း ခံရသူလည်း ဖြစ်သည်။

ရစ်ခ်မန်းသည် ၁၉၉၅ ခုနှစ်တွင် Rasputin: Dark Servant of Destiny ဇာတ်ကားဖြင့် ရွှေကမ္ဘာလုံးဆု၊ Emmy Award, Screen Actors Guild Award ဆုများ ရရှိခဲ့သည်။ ထို့ပြင် Robin Hood ဇာတ်ကားဖြင့်လည်း BAFTA ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.