Connect with us

Europe

ပေါ်တူဂီ သမ္မတလောင်း ရွေးကောက်ပွဲမှာ ရက်ဗလိုဒီဆီးဇာ အနိုင်ရ

ဗဟို-လက်ယာယိမ်း ပါတီ ကိုယ်စားလှယ်လောင်း ရက်ဗလိုဒီဆီးဇာ ဆန္ဒမဲ ထည့်နေစဉ် (ဆင်ဟွာ)

လစ်ဘွန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံ သမ္မတ ရွေးကောက်ပွဲ ၌ ဗဟို-လက်ယာယိမ်း ပါတီ Social Democratic Party (SDP) ၏ ကိုယ်စား လှယ်လောင်း ရက်ဗလိုဒီဆီးဇာက အနိုင်ရရှိကြောင်း ဇန်နဝါရီလ ၂၄ ရက် မဲရလဒ်များ အကြိုရေ တွက်ချက် အရ သိရသည်။

ရွေးကောက်ပွဲ စီမံအုပ်ချုပ်မှုရေးရာ ဝန်ကြီးဌာန အဆိုအရ မဲ ၉၉ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် ရက်ဗလိုဒီ ဆီးဇာ (Rebelo de Sousa) က ၅၂ ရာခိုင်နှုန်း အနိုင်ရရှိနေကြောင်း နှင့် ထိုရလဒ်မှာ ၎င်းအတွက် ရွေးကောက် ပွဲတွင် အနိုင်ရရန် လုံလောက်သွားပြီ ဖြစ်ကြောင်း သိရသည်။

လစ်ဘွန်း တက္ကသိုလ် ဥပဒေ ပါမောက္ခ အသက် ၆၇ နှစ်အရွယ် ရက်ဗလို ဒီဆီးဇာသည် လာမည့် မတ်လတွင် ပေါ်တူဂီနိုင်ငံ၏ ၂၀ ဦးမြောက် သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုရမည် ဖြစ်သည်။

ယခုနှစ် သမ္မတ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၀ ဦးက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ရက်ဗလိုဒီဆီးဇာ သည် နိုင်ငံရေးလောက သို့ မဝင်ရောက်မီက သတင်းစာ အယ်ဒီတာ နှင့် တီဗီရုပ်သံ ထုတ်လွှင့် အစီရင်ခံ သူ အဖြစ် လုပ်ကိုင်ခဲ့ပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းကို ဇန်နဝါရီလ ၁၀ ရက်က စတင်ပြုလုပ်ခဲ့ သည်။

ပေါ်တူဂီ အခြေခံဥပဒေအရ သမ္မတမှာ စီမံခန့်ခွဲမှု အာဏာ ပေးအပ်ထားခြင်း မရှိသော်လည်း လွှတ်တော်ကို တရားဝင်ဖျက်သိမ်းခွင့် အာဏာမှာမူ သမ္မတ လက်ဝယ်၌ ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.