Connect with us

Europe

အင်္ဂလန်ဆန္ဒခံယူပွဲ လူပေါင်း ငါးသိန်းကျော် မဲပေးအပြီးတွင် ခွဲထွက်ရေးဖက်မှ ဦးဆောင်နေ

အီးယူအဖွဲ့တွင် အင်္ဂလန်ဆက်လက်နေရေး/မနေရေး လူထုဆန္ဒခံယူပွဲတွင် ပြည်သူများ မဲရုံသို့ သွားနေကြစဉ် (ဆင်ဟွာ)

လန်ဒန် ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ ( EU ) အဖွဲ့မှ အင်္ဂလန်နိုင်ငံ ခွဲထွက်ရေး/မထွက်ရေး လူထုဆန္ဒခံယူပွဲ၏ မဲရလဒ်များကို ဇွန်လ ၂၄ ရက် နံနက်ပိုင်းတွင် ကြေညာရန် ရှိနေပြီး ( ဗြိတိသျှစံတော်ချိန် ) ဇွန်လ ၂၄ ရက် နံနက်စောစောပိုင်းထိ မဲဆန္ဒနယ် ငါးခုမှ မဲပေးထားသူ ၅ သိန်းကျော်ထဲတွင် ခွဲထွက်ရေးဖက်က အနည်းငယ် ပိုပြီး အလေးသာနေ ကြောင်းသိရသည်။

ဇွန်လ၂၄ ရက် နံနက်ပိုင်း အထိ ရေတွက်ပြီးသော မဲရလဒ်များအရ အီးယူအဖွဲ့မှ ခွဲထွက်ရေးဖက်မှ ၂၆၆,၇၂၁ မဲ နှင့် ဆက်လက် နေထိုင်ရေးဖက်မှ ၂၅၉,၇၉ဝ မဲ အသီးသီး ရရှိထားကြောင်း ပြည်တွင်း သတင်းဌာနများ အရ သိရသည်။
ဂျီဘရော့တာ (Gibraltar) ၌ ပထမဆုံး မဲရေတွက်မှု အပြီးတွင် အီးယူအဖွဲ့တွင် ဆက်လက် နေထိုင်ရေးဖက်မှ ၁၉,၃၂၂ မဲ နှင့် ခွဲထွက်ရေးဖက်မှ ၈၂၃ မဲ ရရှိကြောင်း ကြေညာခဲ့ပြီး အခြား ၇ နေရာ၏ မဲရလဒ်များကိုလည်း ကြေညာခဲ့ကြောင်း သိရသည်။ အော့နေး (Orkney) ကျွန်းစုများ ပေါ်တွင် ဆက်လက် နေထိုင်ရေး ဖက်မှ ၇,၁၈၉ မဲ နှင့် ခွဲထွက်ရေးဖက်မှ ၄,၁၉၃ မဲ ရရှိကြောင်း သိရသည်။
နယူးကာဆယ် မြို့၌ မူ မဲကွာဟချက် သိပ်မရှိဘဲ နေရေးဖက်မှ ၆၅,၄ဝ၄ မဲ နှင့်ခွဲရေးဖက် ၆၃,၅၉၈ မဲ အသီးသီး ရရှိခဲ့သည်။ ခွဲထွက်ရေးဖက်မှ မဲအများဆုံး ပေးခဲ့သော မြို့မှာ အင်္ဂလန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆန်းဒါလန်းမြို့ဖြစ်သည်။ ၎င်းမြို့တွင် ခွဲထွက်ရေးဖက်မှ ၈၂,၃၉၄ မဲ ထိရရှိခဲ့ပြီး ဆက်လက် နေထိုင်ရေးဖက်မှ ၅၁,၉၃ဝ မဲသာ ရရှိကြောင်း သိရသည်။
ကလက်ခ် မန်နန်ရှိုင်းယား(Clackmannanshire) နှင့် စစ္စလီကျွန်းသည် ဆက်လက် နေထိုင်ရေးဖက်မှ ထောက်ခံခဲ့ကြပြီး ၊ စွင်းဒေါင်း (Swindon) နှင့် ဘရောက်ဘွန်း (Broxbourne) တို့မှာ ခွဲထွက်ရေးဖက်ကို မဲပေးခဲ့ကြကြောင်း သိရသည်။ အပြီးသတ် မဲရလဒ်များကို ( ဗြိတိသျှစံတော်ချိန်) ဇွန်လ ၂၄ ရက် နံနက်ပိုင်းတွင် ကြေညာရန် မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.