Connect with us

Europe

တူရကီရဲတပ်ဖွဲ့က ကုမ္ပဏီ ၄၄ခုအား စစ်အာဏာသိမ်းမှုအပေါ် ငွေကြေးထောက်ပံ့ခဲ့မှုဖြင့် ဝင်ရောက်စီးနင်း

တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် စစ်အာဏာသိမ်းမှု ပုံရိပ်တစ်ခု အားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

တူရကီရဲတပ်ဖွဲ့ သည် အစ္စတန်ဘူလ်မြို့ရှိ ကုမ္ပဏီ ၄၄ခုအား ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော အောင်မြင်မှု မရှိခဲ့သည့် စစ်အာဏာသိမ်းမှု ၌ ၎င်းတို့ပါဝင်ပတ်သက်နေသည့်အတွက် ယင်းကုမ္ပဏီများအား ရုတ်တရက် တစ်ပြိုင်တည်းဝင်ရောက် စီးနင်းမှု ပြုလုပ်ခဲ့ကြောင်း တူရကီ မီဒီယာ က ဖော်ပြခဲ့သည်။

ဇူလိုင်လ ၁၅ ရက်က ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှု၏ နောက်ကွယ်မှကြိုးကိုင် ဆောင်ရွက်ခဲ့သည် ဟု တူရကီတို့က ပြစ်တင်ပြောဆိုခဲ့သော အမေရိကန်နိုင်ငံနေ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် ဖာသူလ်လာ ဂူလန် နှင့် ၎င်းဦးဆောင်သည့် လှုပ်ရှားမှုများ အပေါ် ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများ ပြုလုပ်ပေးခြင်း နှင့်ပတ်သက်၍ ယင်း ကုမ္ပဏီများအား စွပ်စွဲခဲ့ကြောင်း Hurriyet နေ့စဉ် သတင်းစာက ဖော်ပြခဲ့သည်။
ယင်းကုမ္ပဏီများ၏ အလုပ်အမှုဆောင် ၁၂၀ဦး ကိုလည်း စီးနင်းမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖမ်းဝရမ်းထုတ်ထားကြောင်း သတင်း၌ဖော်ပြခဲ့သည်။
အစိုးရ ဋ္ဌာနများမှ ဝန်ထမ်း အယောက် ၈၂,၀၀၀ ကိုလည်း စစ်အာဏာသိမ်းမှုအတွင်း ပါဝင်ပတ်သက်နေမှုဖြင့် တာဝန်မှရပ်ဆိုင်းခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.