Connect with us

Europe

ပြင်သစ် နိုင်ငံ က ဆီးရီးယား နိုင်ငံသား တစ်ဦး အား အကြမ်းဖက် တိုက်ခိုက်မှု ရန် ကြံစည်မှု ဖြင့် ဖမ်းဆီး

ပြင်သစ် နိုင်ငံ ရဲတပ်ဖွဲ့ က အကြမ်းဖက် တိုက်ခိုက်မှု ဆောင်ရွက်ရန် ကြံစည်သူ အား ဖမ်းဆီး နေစဉ်(ဆင်ဟွာ)

ပဲရစ် ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ လုံခြုံရေး ဌာန က လတ်တလော ရက်ပိုင်း အတွင်း နိုင်ငံ အနောက်မြောက်ပိုင်း ရှိ Le Mans မြို့ တွင် ပြင်သစ် နိုင်ငံ ၌ အကြမ်းဖက် တိုက်ခိုက်မှု ဆောင်ရွက်ရန် ကြံစည် နေသည့် ဆီးရီးယား နိုင်ငံသား တစ်ဦး အား ဖမ်းဆီး နိုင်ခဲ့ပြီး ၎င်းမှာ ယခုနှစ် အတွင်း ပြင်သစ် နိုင်ငံ အစိုးရ မှ အကြမ်းဖက် တိုက်ခိုက်မှု အား ၆ ကြိမ်မြောက် တားဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပြင်သစ် နိုင်ငံ BFMTV ရုပ်သံဌာန ၏ ဖော်ပြချက်အရ အကြမ်းဖက်တိုက်ခိုက်မှုဆောင်ရွက်ရန် ကြံစည် နေသည့် ဆီးရီးယား နိုင်ငံသား က အသက် ၁၉ နှစ် ရှိသူ တစ်ဦး ဖြစ်ပြီး ၂၀၁၆ ခုနှစ် တွင် ၎င်း၏ မိသားစု ဝင်များက ပြင်သစ် နိုင်ငံ သို့ တရားဝင် ဝင်ရောက်ခဲ့ပြီး ၎င်းအား ပြင်သစ် နိုင်ငံ အစိုးရ က နိုင်ငံ အတွင်းဝင်ရောက်ရန် တားမြစ် ခဲ့ကြောင်း ၊ ယခုနှစ် ဧပြီလ တွင် ၎င်းအနေဖြင့် စာရွက်စာတမ်း အတုများဖြင့် ပြင်သစ် နိုင်ငံ သို့ ဝင်ရောက် ခဲ့ကြောင်း ဖော်ပြခဲ့သည်။

သတင်းဖော်ပြချက်များအရ ပြင်သစ် နိုင်ငံ လုံခြုံရေး ဌာန က အကြမ်းဖက်တိုက်ခိုက်မှု ဆောင်ရွက်ရန် ကြံစည်သူ ၏ အိမ်တွင် ဗီဒီယိုဖိုင် အများအပြား ရှာဖွေတွေ့ရှိခဲ့ပြီး အချို့ ဗီဒီယိုဖိုင်များ က ၎င်းအနေဖြင့် IS အစွန်းရောက် အဖွဲ့ ထံ သစ္စာခံကြောင်း တွေ့ရှိခဲ့ရကြောင်း ၊ ထို့ပြင် ၎င်းအနေဖြင့် ပြင်သစ် နိုင်ငံ တွင် အသေခံ ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု ဆောင်ရွက်ရန် ကြံစည်နေကြောင်း သိရှိခဲ့ရသည်။

ပြင်သစ် နိုင်ငံ လုံခြုံရေး ဌာန က အကြမ်းဖက် တိုက်ခိုက်မှု ဆောင်ရွက်ရန် ကြံစည်သူ ၏ အိမ်တွင် စက်သေနတ် တစ်လက် အား ရှာဖွေတွေ့ရှိခဲ့ပြီး လုံခြုံရေး ဌာန အနေဖြင့် ၎င်း နှင့် ဆီးရီးယား အတွင်း ရှိ အကြမ်းဖက် အဖွဲ့အစည်း များနှင့် ဆက်နွယ်မှု အား ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.