Connect with us

Europe

ဂျာမနီ သူနာပြု တစ်ဦး က တရားရုံး တွင် လူပေါင်း ၁၀၀ ကျော် အား ကြိုတင်ကြံစည် ၍ သတ်ခဲ့ကြောင်း ဝန်ခံ

လူသတ်မှု ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရသည့် ဂျာမနီ အမျိုးသား သူနာပြု Niels Högel အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘာလင် ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံ တစ်ဝန်း လွန်စွာ တုန်လှုပ်မှု ဖြစ်ပွား ခဲ့ရသော သူနာပြု က လူနာများ အား သတ်မှု ကို အောက်တိုဘာ ၃၀ ရက် ၌ Oldenburg ဒေသ ဆိုင်ရာ တရားရုံး တွင် စစ်ဆေးမှု ထပ်မံ ပြုလုပ် ခဲ့ရာ တွင် လူနာ ၂ ဦး အား သေဆုံးစေသည့် ဆေးဝါး ထိုးသွင်းခြင်း ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရသည့် ဂျာမနီ အမျိုးသား သူနာပြု Niels Högel က အခြား လူနာ ပေါင်း ၁၀၀ ကျော် ကိုလည်း ကြိုတင်ကြံစည် ၍ သတ် ခဲ့ကြောင်း ဝန်ခံ ခဲ့သည်။

၂၀၁၅ ခုနှစ် တွင် ဂျာမနီ နိုင်ငံ တရားရုံး က Niels Högel မှ လူနာ နှစ်ဦး အား ကြိုတင်ကြံစည် ၍ သတ် ခဲ့သဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ် ခဲ့သည်။ အမိန့်ချ ခဲ့ပြီးနောက်ပိုင်း စစ်ဆေးမှု များ ဆက်လက် ဆောင်ရွက်ရာတွင် ၎င်းအနေဖြင့် အနည်းဆုံး လူပေါင်း ၉၀ ဦး ကိုလည်း သတ် ခဲ့ကြောင်း တွေ့ရှိခဲ့ပြီး ၎င်း မှာ ဂျာမနီ နိုင်ငံ တွင် ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်း အဆိုးရွား ဆုံးသော လူသတ်မှု တစ်ခု ဖြစ်သည်။

လက်ရှိချိန်တွင် အသက် ၄၁ နှစ် ရှိ Niels Högel က ဂျာမနီ နိုင်ငံ Lower Saxony ပြည်နယ် Delmenhorst မြို့ နှင့် Oldenburg မြို့ ရှိ ဆေးရုံများတွင် တာဝန် ထမ်းဆောင် ခဲ့သူ တစ်ဦး ဖြစ်ပြီး ၎င်းက ၂၀၀၀ ခုနှစ် မှ ၂၀၀၅ ခုနှစ် အတွင်း လူနာများအား ဆေးဝါး အလွန်အကျွံ ထိုးသွင်းခဲ့ပြီး နှလုံးခုန်ရပ်၍ သေဆုံး အောင် ဆောင်ရွက် ခဲ့သူ တစ်ဦး ဖြစ်သည်။ Niels Högel ၏ ဆောင်ရွက်မှု ကြောင့် သေဆုံးခဲ့သူများ မှာ အသက် ၃၄ နှစ် မှ ၉၆ နှစ် အတွင်း လူနာများ ဖြစ်ကြကြောင်း သိရှိရသည်။

Niels Högel အနေဖြင့် လူနာ များအား သေဆုံးအောင် ဆောင်ရွက်ရသည့် ရည်ရွယ်ချက် မှာ လူနာ များ အရေးပေါ် အခြေ ဖြစ်ပေါ်အောင် ဖန်တီး ပြီး မိမိ မှ သေဆုံးလုနီးပါး လူနာ အား ကယ်ဆယ် သည့် စွမ်းရည်ကို ဖေါ်ပြရန် အတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.