Connect with us

Europe

ပြင်သစ် မြောက်ပိုင်း တွင် ကျောင်းသားတစ်ဦးအား အကြမ်းဖက်ရန် ကြံစည်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့

ပြင်သစ်ရဲများက အကြမ်းဖက်မှု ဖြင့် သံသယရှိသူတစ်ဦးအား ဖမ်းဆီးနေစဉ် (ဓါတ်ပုံ-အင်တာနက်)

ပါရီ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ မြောက်ပိုင်း Wattignies မြို့ တွင် အသက် ၁၈နှစ်အရွယ် ကျောင်းသားတစ်ဦးအား အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ကြိုတင်ကြံစည်မှုဖြင့် ဖေဖော်ဝါရီ ၁၄ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒေသတွင်း ရုပ်သံလိုင်းတစ်ခုက ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

သံသယရှိသူ၏ကွန်ပြူတာ တွင် တွေ့ရှိခဲ့သော အချက်အလက်များအရ အဆိုပါအမျိုးသားသည် ပြင်သစ်နိုင်ငံ မြောက်ပိုင်း Lille မြို့ရှိ မြေအောက်ရထားဘူတာရုံတစ်ခု (သို့) ဈေးဝယ်စင်တာတစ်ခုအား တိုက်ခိုက်ရန် စီစဉ်ထားကြောင်း France 3 Hauts-de-France ရုပ်သံလိုင်းကဖော်ပြခဲ့သည်။

Ismael Z., အမည်ရှိ အမျိုးသားအား တရားရုံးသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း သတင်း၌ဖော်ပြခဲ့သည်။

အီရတ်၊ ဆီးရီးယား နှင့် ဆာဟယ်ဒေသတို့တွင် စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသည် အကြမ်းဖက်အုပ်စုများ၏ ပစ်မှတ်တစ်ခုဖြစ်လာကြောင်း သိရသည်။

၂၀၁၅ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ဆက်တိုက်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများ နှင့် ပစ်ခတ်မှုများကြောင့် ပြင်သစ်နိုင်ငံတွင် လူပေါင်း ၁၃၀ သေဆုံးခဲ့ပြီးနောက်တွင် နိုင်ငံတော်အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၂၀၁၆ခုနှစ်တွင် တင်းကျပ်သည့် လုံခြုံရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများကြောင့် ရဲတပ်ဖွဲ့များသည် အကြမ်းဖက်တိုက်ခိုက်မှု ၁၇ခု အားတားဆီးနိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန ၏ အချက်အလက်များအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.