Connect with us

Europe

ဘယ်လာရုစ် နိုင်ငံ သမ္မတ က သမိုင်းပေး အခွင့်အရေး တစ်ခု ဖြစ်သည့် “ခေတ်သစ်ပိုးလမ်းမကြီး” ဖော်ဆောင်မှု ကို တက်ကြွစွာ ပါဝင်ရမည် ဖြစ်ကြောင်း ပြော

ဘယ်လာရုစ် နိုင်ငံ သမ္မတ Alexander Lukashenko အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မစ် ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ဘယ်လာရုစ် နိုင်ငံ သမ္မတ Alexander Lukashenko က ဘယ်လာရုစ် နိုင်ငံ အနေဖြင့် သမိုင်းပေး အခွင့်အရေး တစ်ခု ဖြစ်သော “ခေတ်သစ်ပိုးလမ်းမကြီး” ဖော်ဆောင်မှု ကို ခိုင်မြဲစွာ ဆုတ်ကိုင် ပြီး တက်ကြွစွာ ပူးပေါင်းပါဝင် သွားရမည် ဖြစ်ကြောင်း ဇူလိုင် ၁၁ ရက်၌ ကျင်းပ ပြုလုပ်ခဲ့သော ဘယ်လာရုစ် နိုင်ငံ နိုင်ငံခြားရေး ကိစ္စရပ် အစည်းအဝေး တွင် ပြောကြား ခဲ့သည်။

Lukashenko က အစည်းအဝေးတွင် ဘယ်လာရုစ် နှင့် တရုတ် နိုင်ငံ တို့သည် အပြန်အလှန် ယုံကြည်မှု တည်ရှိပြီး ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး သည်လည်း တိုးတက်မှု များစွာ ရရှိခဲ့ကာ အလွန်မြင့်မားသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ၊ ထို့ကြောင့် နှစ်နိုင်ငံ သက်ဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်ရေး ၊ နှစ်နိုင်ငံ သဘောတူညီမှုများ အထူးသဖြင့် “ခေတ်သစ်ပိုးလမ်းမကြီး” ဖော်ဆောင်မှု လက်တွေ့အကောင်အထည်ဖော်ရေး တို့တွင် အထူးအလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ဘယ်လာရုစ် နိုင်ငံ သည် “ခေတ်သစ်ပိုးလမ်းမကြီး” ဖော်ဆောင်မှု ၏ သယ်ယူပို့ဆောင်ရေး ၊ ကုန်စည်ပို့ဆောင်ရေး ၊ ကုန်ထုတ်လုပ်ရေး နှင့် နည်းပညာ စသည့် ကဏ္ဍများတွင် ပါဝင်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Lukashenko က ဘယ်လာရုစ်-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သည့် စက်မှုဇုန် ကို အသုံးပြု၍ နိုင်ငံတကာ မှ အဆင့်မြင့်ဆုံးသော နည်းပညာ နှင့် ကုန်ထုတ်လုပ်ငန်း တို့ကို ဆွဲဆောင်ရမည် ဖြစ်ကြောင်း ၊ ဘယ်လာရုစ် နိုင်ငံ အနေဖြင့် စက်မှုဇုန် တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ကောင်းမွန်သည့် အခွင့်အရေး များကို ဖန်တီးထားပြီဖြစ်ကာ ဘယ်လာရုစ် အစိုးရ ဌာန အသီးသီး အနေဖြင့် နိုင်ငံတကာ မှ လုပ်ငန်းရှင်များ ကို အာမခံချက် ပေးနိုင်ရန် ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.