Connect with us

Europe

အီတလီ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အား ကူညီပေးမည့် တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ ရောမ မြို့ သို့ ရောက်ရှိ

အီတလီ နိုင်ငံ ရောမ မြို့ ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရောမ ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အမျိုးသား ကျန်းမားရေး ကော်မတီ နှင့် တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း တို့မှ ပူးပေါင်း ဆောင်ရွက်သည့် ဆေးဘက်ဆိုင်ရာ ကပ်ရောဂါ တိုက်ဖျက်ရေး ပညာရှင် အဖွဲ့ က မတ်လ ၁၂ ရက် ညပိုင်း အချိန်တွင် အီတလီ နိုင်ငံ မြို့တော် ရောမ သို့ ရောက်ရှိခဲ့ကြပြီး တရုတ် နိုင်ငံ မှ လှူးဒါန်းပေးသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ကိုလည်း သယ်ဆောင်လာခဲ့ကြသည်။

တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ အား အီတလီ နိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ Francesco Rocca က လေဆိပ် သို့ လာရောက်ကြိုဆိုခဲ့ပြီး မိန့်ခွန်းပြောကြားရာတွင် အီတလီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ COVID-19 ရောဂါ တိုက်ဖျက်ရေး တွင် ရရှိခဲ့သည့် အောင်မြင်မှုများ အပေါ် လွန်စွာ ချီးမွမ်းကြောင်း ၊ အီတလီ နိုင်ငံ အခက်အခဲ နှင့် ကြုံတွေ့နေရချိန်တွင် တရုတ် နိုင်ငံ မှ ချစ်ကြည်ရေး လက်လှမ်းခဲ့ ပြီး  ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသည့် အတွက် လှိုက်လှဲစွာ ကျေးဇူးတင်လိုကြောင်း ၊ အီတလီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ဆောင်ရွက်သွားလိုပြီး တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်မှု အတွေ့အကြုံအား အတုယူကာ ကပ်ရောဂါ အခြေအနေ အား အမြန်ဆုံး ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

အီတလီ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး လီကျွင်းဟွာ က လေဆိပ် ၌ မိန့်ခွန်းပြောကြားရာ တွင် အီတလီ နိုင်ငံ ၌ COVID-19 ရောဂါ ပျံ့နှံ့ နေချိန်တွင် အခက်အခဲများ အား ကျော်လွှား နိုင်စေရန် လာရောက် ကူညီပေး သည့်  တရုတ် နိုင်ငံ ပညာရှင် အဖွဲ့ က အလှပဆုံးသော ခုခံကာကွယ်ပေး သူများ ဖြစ်ကြကြောင်း ၊ ကပ်ရောဂါ သည် နယ်စည်းခြားနားထားခြင်း မရှိဘဲ တရုတ်-အီတလီ နှစ်နိုင်ငံ အနေဖြင့် အေးအတူပူအမျှ အပြန်အလှန် ကူညီစောင့်ရှောက်မှု ပြုလုပ် ခဲ့ကြကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် အီတလီ နိုင်ငံ သို့ ပညာရှင် အဖွဲ့ စေလွှတ်ပေး ခဲ့ခြင်း သည် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အတွေးအမြင် အား ပေါ်လွင်စေ ခဲ့ပြီး နိုင်ငံကြီး တစ်နိုင်ငံ ၏ တာဝန်ယူမှု ကိုလည်း ပေါ်လွင်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

မတ်လ ၁၂ ရက် ညပိုင်းအချိန်တွင် အီတလီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး က တရုတ် နိုင်ငံ ၏ ပညာရှင် အဖွဲ့ စေလွှတ်ပေးမှု နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်း ကိရိယာများ ကူညီထောက်ပံ့မှု အပေါ် ကျေးဇူးတင်ကြောင်း အား အွန်လိုင်း ၌ တိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။  (Xinhua)