Connect with us

Europe

ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံ မျှဝေ ရာတွင် တရုတ် နိုင်ငံ သည် အရည်အချင်း အပြည့်ဝဆုံး နိုင်ငံ ဖြစ်ကြောင်း ဆားဘီးယား နိုင်ငံ သမ္မတ ပြောကြား

ဆားဘီးယား နိုင်ငံ သမ္မတ Aleksandar Vučic အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဲဂရိတ် ၊ မတ်လ ၁၂ ရက် (ဆင်ဟွာ)

ဆားဘီးယား နိုင်ငံ သမ္မတ Aleksandar Vučic က ကပ်ရောဂါ တိုက်ဖျက်ရေး နှင့် ပတ်သက်၍ အတွေ့အကြုံ မျှဝေရာတွင် တရုတ် နိုင်ငံ သည် အရည်အချင်း အပြည့်ဝဆုံး နိုင်ငံ ဖြစ်ကြောင်း မတ်လ ၁၁ ရက် တွင် ပြောကြား ခဲ့သည်။ 

ဆားဘီးယား နိုင်ငံ သမ္မတ က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် တရုတ် နိုင်ငံ ၏ COVID-19 ရောဂါ နှင့် ရင်ဆိုင်စဉ် ဆောင်ရွက်ခဲ့သည့် ကြိုးပမ်းအားထုတ်မှု များသည် လွန်စွာ ချီးမွမ်းစရာ ကောင်းကြောင်း ၊ တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ဆောင်ရွက်ချက် များသည် လွန်စွာ ကောင်းမွန် ပြီး ဆားဘီးယား နိုင်ငံ တွင် ကပ်ရောဂါ ဆက်လက် ပျံ့နှံမှု အား ကာကွယ်ရန် အတွက် တရုတ် နိုင်ငံ သို့ အကြံပြုချက်များ ပိုမို တောင်းယူ သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆားဘီးယား နိုင်ငံ အစိုးရ က မတ်လ ၁၁ ရက် တွင် အစည်းအဝေး တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကြေညာချက် တွင် COVID-19 ရောဂါ ဆက်လက် မပျံ့ပွားရေး အတွက် လူ ၁၀၀ နှင့် အထက် ပါဝင်သည့် အခန်းတွင်း လှုပ်ရှားမှု အားလုံး ကို ကန့်သတ် သွားမည် ဖြစ်ကြောင်း ၊ အခန်းတွင်း ကျင်းပ ပြုလုပ်သည့် အားကစားပွဲများ အားလုံး ကိုလည်း ပရိသတ် မပါဝင် ဘဲ ကျင်းပ ပြုလုပ်သွားရမည် ဖြစ်ကြောင်း ၊ သို့သော် တက္ကသိုလ် ၊ မူလတန်း နှင့် အထက်တန်း ကျောင်း များ ကို လက်ရှိချိန်တွင် ပိတ်ထားရန် မလိုအပ်သေးကြောင်း ပြောကြားခဲ့သည်။ဆားဘီးယား နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ မတ်လ ၁၁ ရက် ညိပိုင်း ထုတ်ပြန်ချက် ၌ COVID-19 ရောဂါ ကူးစက်ခံရသူ ၇ ဦး ထပ်မံ တိုးမြင့် ခဲ့ပြီး နိုင်ငံအတွင်း လူပေါင်း ၁၂ ဦး ကူးစက်ခံရသည် ကို အတည်ပြုနိုင်ခဲ့ကြောင်း ဖေါ်ပြထားသည်။  (Xinhua)