Connect with us

Europe

ကလေးငယ် တစ်ဦး သေပြီးနောက် ဗီတာမင်ဒီ ဖြည့်စွက်စာ တစ်မျိုးကို အသုံးပြုခွင့် ပြင်သစ် ရပ်ဆိုင်း

ဗီတာမင်ဒီ ဖြည့်စွက်စာ Uvesterol D ဆေးပုလင်းခွံများအား တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံတွင် ဆေးသောက်ပြီးနောက် မွေးကင်းစ ကလေးတစ်ဦး သေဆုံးပြီးနောက် ဗီတာမင်ဒီ ဖြည့်စွက်စာ ဖြစ်သော Uvesterol D အသုံးပြုခြင်းအား ရပ်ဆိုင်းလိုက်ကြောင်း ပြင်သစ်နိုင်ငံ ကျန်းမာရေး အာဏာပိုင်များက ဇန်နဝါရီလ ၄ ရက်က ညွှန်ကြားလိုက်ကြောင်း သိရသည်။

ဆေးဝါးများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ထိန်းသိမ်းရသည့် ANSM အေဂျင်စီက ကလေးငယ် သေဆုံးမှုနှင့် Uvesterol D အကြား သေချာသည့် ဆက်စပ်မှုအား ထုတ်ဖော်ပြနိုင်ရန် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ပြောကြားခဲ့သည်။

ကြိုတင်ကာကွယ်မှု အနေဖြင့် လာမည့် ရက်များအတွင်း Uvesterol D ရောင်းချခြင်းကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ထားကြောင်း သိရသည်။

ဗီတာမင်ဒီ ချို့တဲ့သော ကလေးငယ်များအတွက် သောက်သုံးရန် ထုတ်လုပ်ထားသော Uvesterol D အား တိုက်ကျွေးပြီးနောက် ၁၀ ရက်သားအရွယ် ကလေးငယ် တစ်ဦး အသက်ရှူရပ်ကာ သေဆုံးသွားခဲ့ကြောင်း အေဂျင်စီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် သီးခြား သတင်းထုတ်ပြန်ချက် တစ်ခုတွင်မူ ကြိုတင်ကာကွယ်မှု အနေဖြင့် ASNM ၏ တိကျသည့် ဆုံးဖြတ်ချက် မထွက်မီတိုင်အောင် မိဘများအနေဖြင့် ကလေးငယ်များကို Uvesterol D မတိုက်ကျွေးကြရန် ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.