Connect with us

Europe

(ယူကရိန်းအခြေအနေ အချိန်နှင့်တစ်ပြေးညီ ဖြစ်စဉ်များ)ရုရှား-ယူကရိန်း၏ ညှိနှိုင်းဆွေးနွေးပွဲသစ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပမည်ဟု ရုရှား မီဒီယာများက ဆို၊ ရုရှား၏ “နောက်ဆုံး ရာဇသံ”ကို ယူကရိန်းက လက်မခံ

ပေကျင်း၊ မတ် ၂ ရက်(ဆင်ဟွာ)

ရုရှားနှင့်ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များ၏ နောက်တစ်ကြိမ် စေ့စပ်ညှိနှိုင်းမှုကို မတ် ၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ရုရှားမီဒီယာများ၏သတင်းများအရ သိရသည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးDmytro Kulebaက ယူကရိန်းအနေဖြင့် ဤကဲ့သို ညှိနှိုင်းဆွေးနွေးမှုများ လိုအပ်သော်လည်း ရုရှား၏ “နောက်ဆုံး ရာဇသံ”ကို လက်ခံမည် မဟုတ်ကြောင်း မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။
___ ကနဦးချိန်းဆိုချက်အရ ရုရှားနှင့်ယူကရိန်း ကိုယ်စားလှယ်အဖွဲ့အများ၏ နောက်တစ်ကြိမ် ညှိနှိုင်းဆွေးနွေးမှုကို မတ် ၂ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း TASS သတင်းအေဂျင်စီ၊ Russia Today သတင်းအေဂျင်စီက သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ မတ် ၁ ရက်တွင် ဖော်ပြထားသည်။

ဒွန်ဘတ်စ်တွင် လက်နက်ကိုင်တပ်ဖွဲများအား မတ် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ ယူကရိန်း-ရုရှား နောက်တစ်ကြိမ် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်မည်လားဆိုသည်အပေါ် ဤကဲ့သို့ ဆွေးနွေးညှိနှိုင်းမှုများသည် ယူကရိန်းက လိုအပ်သည်ဟု ယူဆသော်လည်း ရုရှား၏”နောက်ဆုံး ရာဇသံ”ကို လက်ခံမည်မဟုတ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးDmytro Kulebaက မတ် ၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဒွန်ဘတ်စ်တွင် ပစ်ခတ်မှုများကို တိမ်းရှောင်နေရသည့် အမျိုးသမီးတစ်ဦးအား မတ် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ ရုရှားစစ်တပ်၏ ယူကရိန်းအထူးစစ်ဆင်ရေးကို သ

ဒွန်ဘတ်စ်တွင် ပစ်ခတ်မှုများကို တိမ်းရှောင်းနေရသူများအား မတ် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တ်မှတ်ထားသည့် ရည်ရွယ်ချက် ပြီးမြောက်သည်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး Shoiguက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းကို ရုရှားတပ်က သိမ်းပိုက်မည်မဟုတ်ကြောင်း လူထု အသက်အိုးအိမ်နှင့်လုံခြုံရေးကို အာမခံနိုင်ရန် စီမံချက်များ အားလုံးစီစဉ်ဆောင်ရွက်နေပြီး စစ်ဘက်ဆိုင်ရာအဆောက်အအုံများကိုသာ ဦးတည်ပစ်မှတ်ထားကာ ပစ်မှတ်တိကျလက်နက်ဖြင့် စစ်ဆင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

___ ယူကရိန်း ဒုတိယအကြီးဆုံးမြို့ Kharkivကို ရုရှားတပ်များ မတ် ၁ ရက်က ဆက်လက်ထိုးစစ်ဆင်နေပြီး မြို့လယ်ခေါင်ရှိ Kharkivပြည်နယ်အစိုးရအဆောက်အအုံကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီး အကြံပေး Anton Gerashchenkoက ယင်းနေ့ လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။ ရုရှားတပ်များ Kharkiv ဗဟိုရင်ပြင်ကို အမြောက်နှင့်ပစ်ခတ်ခြင်းကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး လူပေါင်း ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းနိုင်ငံတော်အရေးပေါ်အခြေအနေရေးရာဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။ ထို့အပေါ် ရုရှားဘက်က သက်ဆိုင်ရာ ထုတ်ပြန်မှုများ မရှိသေးကြောင်း သိရသည်။

___ ယူကရိန်းတပ်များ၏ အဇော့ပင်လယ်ထွက်ပေါက် အားလုံးကို ပိတ်ဆို့လိုက်ပြီ ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Konashenkovက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။ Konashenkovက အထူးစစ်ဆင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်သည့်အချိန်မှစပြီး ရုရှားစစ်တပ်က ယူကရိန်းစစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံပစ်မှတ် ၁,၃၂၅ ခုကို ချေမှုန်းခဲ့ရာ ကွပ်ကဲရေးစခန်းနှင့်ဆက်သွယ်ရေးစင်တာ ၄၃ ခု ပါဝင်ကြောင်း၊ ယူကရိန်း တင့်ကားနှင့်အခြား သံချပ်ကာယာဉ် ၃၉၅ စီး၊ ဒုံးပစ်လောင်ချာမျိုးစုံ ၅၉ ခု၊ မြေပြင်တိုက်ခံရေးအမြောက်နှင့်စိန်ပြောင်း ၁၇၉ ခု ၊ စစ်သုံးအထူးမော်တော်ယာဉ် ၂၈၆ စီး တိုက်ခိုက်ဖျက်ဆီးလိုက်ကြောင်း ဆိုသည်။

___ ရုရှားစစ်တပ် တင့်ကား၊ ဆီးကား၊ သံချပ်ကာကား ၁၀၀ နီးပါးကို မောင်းသူမဲ့ဒရုန်းနှင့် တိုက်ဖျက်နိုင်ခဲ့ကြောင်း ယူကရိန်း Ukrinform သတင်းအေဂျင်စီက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားစစ်တပ် ယူကရိန်းတွင် သေဆုံးဒဏ်ရာရသူ ၅,၇၁၀ ဦး ရှိပြီး လက်နက်အများအပြား ဆုံးရှုံးခဲ့ကြောင်း ယူကရိန်းစစ်တပ် စစ်ဦးစီချုပ်ရုံးက လူမှုကွန်ရက် မီဒီယာတွင် ဖော်ပြထားသည်။

___ ကရင်မလင်နန်းတော်ဝဘ်ဆိုက်က မတ် ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ရုရှားသမ္မတ ပူတင်သည် ယင်းနေ့တွင် အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီ အိမ်ရှေ့မင်းသား Mohamedနှင့်ဖုန်းဖြင့်ဆက်သွယ်ပြီး နှစ်ဖက်ဆက်ဆံရေးနှင့် ယူကရိန်းအခြေအနေစသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။ ယူအေအီးသတင်းအေဂျင်စီ Emirates၏ ဖော်ပြချက်များအရ ဖုန်းဖြင့်ဆက်သွယ်ပြောကြားရာတွင် Mohamedက ငြိမ်းချမ်းရေးနည်းလမ်းဖြင့် အကျပ်အတည်းကို ဖြေရှင်းပြီး ဘက်ပေါင်းစုံ၏အကျိုးစီးပွားနှင့်အမျိုးသားလုံခြုံရေးကို အာမခံရန် အလေးထားပြောကြားခဲ့ကြောင်း သိရသည်။

___ ဥရောပသမဂ္ဂသို့ ယူကရိန်းအမြန်ဆုံးပါဝင်နိုင်ရေးအဆိုကို ဟန်ဂေရီနိုင်ငံက ထောက်ခံကြောင်း ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး Peter Szijjartoက မတ် ၁ ရက်တွင် ကြေညာခဲ့သည်။

___ အီရန် ထိပ်တန်းခေါင်းဆောင် အလီ ခါမေနီက ယူကရိန်းအကျပ်အတည်း၏ အရင်းအမြစ်သည် အမေရိကန် ယူကရိန်းပြည်တွင်းရေးကို စွက်ဖက်ခြင်း၊ “ဆေးရောင်ဆိုး တော်လှန်ရေး(Colour revolution) ” တွန်းအားပေးလုပ်ဆောင်ခြင်း စသည့်တို့ကြောင့် ယူကရိန်း ယခုကဲ့သို့ အခြေအနေကျရောက်ရခြင်း ဖြစ်ကြောင်း မတ် ၁ ရက် ဗွီဒီယို မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

___ အနောက်နိုင်ငံများ၏ ရုရှားအပေါ် ပိတ်ဆို့မှုတွင် မောလ်ဒိုဗာနိုင်ငံ ပါဝင်မည်မဟုတ်ကြောင်း နှင့် ထိလွယ်ရှလွယ်သည့် ယင်းပြဿနာတွင် ကြားနေရပ်တည်မည်ဖြစ်ကြောင်း မောလ်ဒိုဗာ နိုင်ငံခြားရေးဝန်ကြီး Popescuက ပြောကြားခဲ့သည်ဟု မော်လ်ဒိုဗာသတင်းအေဂျင်စီက မတ် ၁ ရက်တွင် ဖော်ပြထားသည်။ (Xinhua)

————————–

(Chinese Version)

(乌克兰局势)最新动态:俄媒说新一轮谈判将于2日举行 乌方表态不接受俄方“最后通牒”
2022-03-02 01:26:27
新华社北京3月1日电综合新华社驻外记者报道:据俄媒消息,俄罗斯与乌克兰代表团下一轮谈判将于3月2日举行。乌克兰外长库列巴1日表示,乌方认为需要这样的谈判但不接受俄方的“最后通牒”。
——俄塔斯社、今日俄罗斯通讯社1日援引消息人士的话报道说,按照最初约定,俄罗斯与乌克兰代表团新一轮谈判应在3月2日举行。谈判地点位于白俄罗斯与波兰边境。

——乌克兰外长库列巴1日在记者会上表示,关于是否举行新一轮乌俄谈判,乌方认为需要这样的谈判但不接受俄方的“最后通牒”。乌克兰总统泽连斯基说,前一天结束的乌克兰与俄罗斯代表团的谈判没有取得乌方期待的结果。

——俄罗斯国防部长绍伊古1日表示,俄军将继续执行在乌克兰的特别军事行动直至完成既定目标。俄军不会占领乌克兰领土,正在采取一切措施保障民众生命与安全,相关打击只针对军事设施并通过高精度武器完成。

——乌克兰内务部长顾问格拉先科1日在社交媒体发文表示,俄军当天继续进攻乌第二大城市哈尔科夫市并袭击了位于市中心的哈尔科夫州政府大楼。乌克兰国家紧急情况部当天说,俄军炮击哈尔科夫中央广场造成至少10人死亡、20多人受伤。目前尚未见到俄方相关报道。

——俄罗斯国防部发言人科纳申科夫1日说,乌军部队向亚速海的出口已完全被封锁。科纳申科夫说,自俄开展特别军事行动以来,俄军已摧毁乌克兰军事基础设施的1325处目标,其中包括43个指挥所和通讯中心。俄军还击毁了395辆乌军坦克及其他装甲车、59台多管火箭炮、179门野战炮和迫击炮、286辆军用特种车辆。

——乌克兰国家通讯社1日说,乌军2月28日在苏梅州使用无人机击毁近百辆俄军坦克、加油车和装甲车。乌克兰武装部队总参谋部在社交媒体平台发文说,俄罗斯军队在乌克兰已伤亡5710人并损失大量武器装备。

——克里姆林宫网站1日发表声明说,俄罗斯总统普京当天与阿联酋阿布扎比王储穆罕默德通电话,就双边关系和乌克兰局势等进行了讨论。据阿联酋通讯社报道,穆罕默德在通话中强调以和平方式解决危机,确保各方利益和国家安全。

——匈牙利外交部长西雅尔多1日宣布,匈牙利支持乌克兰快速加入欧盟的倡议。
——伊朗最高领袖哈梅内伊1日在电视讲话中说,乌克兰危机的根源是美国通过干涉乌克兰内政、推行“颜色革命”等将乌克兰拖入了这种境地。
——据摩尔多瓦通讯社1日报道,摩外长波佩斯库表示,摩尔多瓦不会加入西方国家对俄罗斯制裁,摩在这个敏感问题上保持中立。(参与记者:李东旭、李铭、李奥、陈浩、高文成、王守宝、苏小坡、林惠芬)(完)
新华社照片,顿涅茨克,2022年3月2日
图说1,2:(乌克兰局势·XHDW)(1)顿涅茨克现状:这是3月1日在顿涅茨克拍摄的武装人员。 新华社发(维克托摄)
图说3:3月1日,一名女子在顿涅茨克躲避炮击。新华社发(维克托摄)
图说4:3月1日,人们在顿涅茨克躲避炮击。 新华社发(维克托摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.