Connect with us

Europe

ပြင်သစ်နိုင်ငံတွင် ပိုမိုတင်းကျပ်သည့် ပြည်ဝင်ခွင့်ကန့်သတ်ချက်များ ဆောင်ရွက်သွားမည်

ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Jean Castex က ဇန်နဝါရီ ၁၄ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ကို ရုပ်မြင်သံကြား မှ တစ်ဆင့် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ပြင်သစ်နိုင်ငံတွင် COVID-19 ကပ်ရောဂါ အခြေအနေသည် ဆက်လက်၍ တည်ငြိမ်မှုမရှိသည့်အတွက် ပိုမိုတင်းကျပ်သည့် ပြည်ဝင်ခွင့် ကန့်သတ်ချက်များကို သတ်မှတ်သွားပြီး ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Jean Castex က ဇန်နဝါရီ ၁၄ ရက်၌ ပြောကြားခဲ့သည်။

Jean Castex က ပြင်သစ်နိုင်ငံ၌ ကပ်ရောဂါအား ထိန်းချုပ်နိုင်ခဲ့သော်လည်း အခြေအနေမှာ တည်ငြိမ်မှုမရှိသေးဘဲ နိုင်ငံအတွင်း ဆက်လက်၍ ပြန့်ပွားနေကြောင်း ၊ ဗီဇပြောင်း COVID-19 ရောဂါပိုး ပြင်သစ်နိုင်ငံအတွင်း ပြန့်ပွားမှုကို ကန့်သတ်ထားနိုင်ခဲ့သော်လည်း ၎င်း၏ အန္တရာယ်ကို လျှော့တွက်ထား၍ မရကြောင်း ဇန်နဝါရီ ၁၄ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထို့ပြင် Jean Castex က ပြင်သစ်နိုင်ငံအနေဖြင့် ဇန်နဝါရီ ၁၈ ရက် မှ စတင်ကာ အီးယူ အဖွဲ့ဝင်နိုင်ငံများမှ လွဲ၍ အခြားနိုင်ငံများ၏ သံတမန်ရေးရာဆိုင်ရာ ဝန်ထမ်းများ၏ ပြည်ဝင်ခွင့် အပေါ် ပိုမိုတင်းကျပ်သည့် ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ထိုသူများ ပြင်သစ်နိုင်ငံအတွင်းသို့ ဝင်ရောက်လိုပါက လွန်ခဲ့သော ၇၂ နာရီအတွင်း စစ်ဆေးခဲ့သည့် COVID-19 ရောဂါ ကူးစက်ခံရမှုမရှိကြောင်း ထောက်ခံစာ ရှိရမည်ဖြစ်ပြီး ပြင်သစ်နိုင်ငံတွင် အချိန် ၇ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်ပေးရမည်ဖြစ်ကြောင်း ၊ ယင်းသတ်မှတ်ချက်က ပြင်သစ်နိုင်ငံ၏ ပြင်ပရှိ နယ်မြေများတွင်လည်း အကျုံးဝင်ကြောင်း ၊ ဥရောပကောင်စီအနေဖြင့်လည်း ယခုလ ၂၁ ရက်တွင် အစည်းအဝေး ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများအကြား လူအသွားအလာ နှင့် ပတ်သက်၍ သတ်မှတ်ချက်များကို ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ဇန်နဝါရီ ၁၆ ရက်မှ စတင်၍ ပြင်သစ်နိုင်ငံအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာ ညမထွက်ရအမိန့်ကြေညာမည် ဖြစ်ပြီး ညမထွက်ရ အမိန့်က နေ့စဉ် ၁၈ နာရီ မှ စ၍ နောက်နေ့နံနက် ၆ နာရီ အထိ ဖြစ်ကာ သက်တမ်းအားဖြင့် အချိန် ၁၅ ရက် ကြာမြင့်မည်ဖြစ်ကြောင်း ၊ ကပ်ရောဂါ အခြေအနေ ဆက်လက်၍ ဆိုးရွားလာပါက ပြင်သစ်နိုင်ငံအနေဖြင့် ချက်ခြင်း ပိတ်ဆို့ကန့်သတ်ချက်ဆောင်ရွက်မှု အသစ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ပြင်သစ်နိုင်ငံ ကျန်းမာရေးဝန်ကြီး Olivier Véran က ပြင်သစ်နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းကို ပိုမိုလျင်မြန်စွာ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက် ၇၅ နှစ် အထက် လူကြီးများ နှင့် COVID-19 ရောဂါ ကူးစက်ခံရနိုင်ခြေမြင့်မားသည့် နေရာတွင် တာဝန်ထမ်းဆောင်နေရသူများကို ဇန်နဝါရီ ၁၈ ရက်တွင် စတင်၍ ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွားနိုင်မည် ဖြစ်ကာ COVID-19 ရောဂါ ကာကွယ်ဆေးထိုးပေးသည့် စင်တာပေါင်း ၇၀၀ က တရားဝင် လုပ်ငန်းဆောင်ရွက်မှုများ စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပြင်သစ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းပြုစုချက်အရ ဇန်နဝါရီ ၁၄ ရက်အချိန်ထိ ပြင်သစ်နိုင်ငံ အတွင်း COVID-19 ရောဂါ ကာကွယ်ဆေးထိုးပြီးသူပေါင်း ၃၁၀,၀၀၀ ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ ပြင်သစ်နိုင်ငံ အစိုးရ ၏ ဇန်နဝါရီ ၁၄ ရက် ထုတ်ပြန်ခဲ့သည့် စာရင်းပြုစုချက်အရ ပြင်သစ်နိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၂၁,၂၂၈ ဦးရှိခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၂,၈၅၁,၆၇၀ ဦးရှိကာ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ ၆၉,၃၁၃ ဦးရှိကြောင်း သိရှိရသည်။ (Xinhua)
—————————————
(Chinese Version)
(国际疫情)法国将实施更严格的入境规定
2021-01-15 07:09:01 分类: 政治法律
  新华社巴黎1月14日电(记者陈晨)法国总理卡斯泰14日表示,鉴于新冠疫情形势依然“不稳定”,法国将实施更严格的入境规定等防疫新规。
  卡斯泰当天在新闻发布会上说,法国疫情虽然得到有效控制,但仍“不稳定”,新冠病毒仍在法国境内传播。变异新冠病毒的传播“还很有限”,但不可低估其潜在风险。
  卡斯泰宣布,法国将自18日起对欧盟成员国以外人员实施更严格的入境规定,这些人在入境法国时须提供出发前72小时内新冠病毒核酸检测阴性证明,并接受7天的隔离观察。这一规定同时适用于法国海外领地。此外,欧洲理事会将于21日召开会议,协调有关欧盟成员国之间人员流动的规定。
  卡斯泰还说,从16日开始,法国将把宵禁实施范围扩大至全国,宵禁时间调整为每日18时至次日6时,有效期至少持续15天。如果疫情继续恶化,“我们将立即采取新一轮封闭隔离措施”。
  法国卫生部长韦朗在新闻发布会上表示,法国将加快新冠疫苗接种工作,75岁及以上的老年人、新冠高危人群18日起可预约接种疫苗。超过700个新冠疫苗接种中心将正式开放。
  据法国卫生部统计数据,截至14日,法国已有超过31万人接种新冠疫苗。法国政府网站14日公布的数据显示,该国过去24小时新增新冠确诊病例超过21228例,累计确诊2851670例,累计死亡69313例。(完)

Photo
这是1月14日在法国巴黎拍摄的法国总理卡斯泰举行关于新冠疫情的新闻发布会的电视画面以及一个时间指向18:00的钟表,电视屏幕上的法文意为全国18:00开始宵禁。 新华社记者 高静 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.