Connect with us

Europe

အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး နှင့် ကာကွယ်ရေးအသုံးစရိတ် စိစစ်ရေးအတွက် နေတိုးကာကွယ်ရေးဝန်ကြီးများ ဆွေးနွေး

နေတိုးတပ်ဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg ( ယာ) နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်စ်းမက်တစ် (ဝဲ) တို့ အား အတူတကွတွေ့ ရစဉ် (ဆင်ဟွာ)

ဘရပ်စ်ဆဲလ် ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

လာမည့် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး နှင့် ကာကွယ်ရေးအသုံးစရိတ် စိစစ်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း နေတိုးတပ်ဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က ဖေဖော်ဝါရီလ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအတွက် နေတိုး အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြား စည်းလုံးညီညွှတ်မှု ပိုရှိရန် နှင့် အင်အားပိုမိုတောင့်တင်းခိုင်မာရန်မှာ အလွန်အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အဆိုပါ နေတိုးကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို နှစ်ရက်တာ ဆွေးနွေးသွားမည်ဖြစ်သည်။

“ နေတိုးတပ်ဖွဲ့ကို မြောက်အမေရိကတိုက် နဲ့ဥရောပတိုက်ကြား ခိုင်မာတဲ့ကြိုးတစ်ချောင်းနဲ့ဖွဲ့စည်းခဲ့တာပါ။ အကောင်းဖြစ်စေ အဆိုးဖြစ်စေ ဘယ်အချိန်မျိုးမှာမဆို အဲဒီကြိုးက မဖြတ်တောက်နိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။

နေတိုးတပ်ဖွဲ့အတွက် ဥရောပမဟာမိတ်နိုင်ငံများ နှင့် ကနေဒါနိုင်ငံတို့သည် ၂ဝ၁၆ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ၃.၈ ရာခိုင်နှုန်းအထိ တိုးမြှင့် အသုံးပြုခဲ့ခြင်းအပေါ် Jens Stoltenberg က ကြိုဆိုခဲ့ပြီး “ မြင့်မားတဲ့ကာကွယ်ရေးအသုံးစရိတ် နဲ့မျှတတဲ့ ဝန်ထုပ်ဝန်ပိုးကို မျှဝေခံစားကြရန်မှာ အလွန်အရေးကြီးကြောင်း” ၎င်းက ဆိုသည်။

ထို့ပြင် “ ကာကွယ်ရေးဝန်ကြီးတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးကို အလေးထားလုပ်ဆောင်သွားဖို့နဲ့ မြောက်အမေရိကတိုက် နဲ့အရှေ့အလယ်ပိုင်းမှာ ကြုံတွေနေရတဲ့ ခြိမ်းခြောက်မှုတွေအတွက် အလေးထား လုပ်ဆောင်သွားဖို့ကို ဆွေးနွေးကြမှာပါ ” ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်တွင် စတင်ကျင်းပခဲ့သည့် နေတိုးတပ်ဖွဲ့၏ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်လည်း တက်ရောက်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နေတိုးတပ်ဖွဲ့သည် “ ခေတ်ကုန်နေပြီ” ဟု ရွေးကောက်ပွဲ မယ်ဆွယ်ကာလအတွင်း ပြောကြားခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံများ၏ ငွေကြေးထည့်ဝင်မှုကို ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း နှင့် အကယ်၍ ငွေကြေးထည့်ဝင်မှု အပြည့်အဝ မရှိသောနိုင်ငံများအနေဖြင့် ၎င်းတို့၏ တာဝန်ဝတ္တရားအတိုင်းအပြည့်အဝ ဖြည့်ဆည်းပေးရန် အတွက် ဆုံးဖြတ်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ (Xinhua)