Connect with us

Europe

ဆာလောင် မွတ်သိပ်လွန်း၍ ဟက်စကီး (Husky) ခွေးကလေး တက်ဒီ ဝက်ဝံရုပ် အား မျိုချ

ဆာလောင်မွတ်သိပ်လွန်း၍ တက်ဒီ ဝက်ဝံရုပ် အား မျိုချလိုက်သော ဟက်စကီး (Husky) ခွေးကလေး ရမ်စက်ဇ် အားတွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ ကန့် စီရင်စု၊ ကန်တာဘယ်ရီ မြို့ရှိ ရမ်စက်ဇ် လို့ခေါ်တဲ့ ၂ နှစ်အရွယ် ဟက်စကီး (Husky) ခွေးကလေးဟာ ပြင်းထန်တဲ့ ဝမ်းလျှောခြင်းနဲ့ အစာအိမ် ကြွက်တက်ခြင်း ဝေဒနာကို ခံစားနေရတဲ့ အတွက် ရမ်စက်ဇ်ရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ရာ တိရစ္ဆာန် ဆရာဝန်တွေဟာ အရေးပေါ် ခွဲစိတ်မှု တစ်ခုကို ပြုလုပ်ခဲ့ရ ပါတယ်။

ရစ်စက်ဇ် ဟာ သားမွေး ဘောလုံးကြီး တစ်ခုကို မျိုချ လိုက်တဲ့အတွက် အခုလို ဝေဒနာ ခံစားနေရတယ်လို့ တိရစ္ဆာန် ဆရာဝန်တွေက ထင်မှတ်ထားပေမယ့် တကယ်တမ်း ခွဲစိတ်ပြီးတဲ့ အခါမှာတော့ ရစ်စက်ဇ် ရဲ့ အူလမ်းကြောင်းထဲ ကနေ ခြောက်လက်မ အရွယ် တက်ဒီ ဝက်ဝံရုပ်လေးကို တွေ့လိုက် ရတဲ့အတွက် ဆရာဝန်အားလုံး အံသြသင့်ကုန်ကြပါတယ်။

ဖိုးကံကောင်း ရစ်စက်ဇ် ဟာ အသက်ဘေးမှ လွတ်မြောက်ခဲ့တဲ့ အပြင် သူ့အတွက် နားခို နေထိုင်ရာ အိမ်တစ်လုံးကိုလည်း Dogs Trust Canterbury charity ကနေ ရှာဖွေပေးခဲ့ပါတယ်။

Dogs Trust Canterbury Rehoming Centre ရဲ့ မန်နေဂျာ အက်ဒန် လယ်ဗီး က “သူ ဒီလို ဝက်ဝံရုပ် တစ်ခုလုံး ကို မျိုချလိုက်တဲ့ အတွက် တော်တော် အံ့သြမိပါတယ်။ ဝမ်းဗိုက်ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရခဲ့ပေမယ့် ဆရာဝန်တွေရဲ့ ကြိုးပမ်းမှုကြောင့် အသက်ဘေးက လွတ်ခဲ့တဲ့အပြင် မကြာခင်မှာ နွေးထွေးတဲ့ သခင်သစ်တွေ ရှိတဲ့အိမ်ကို ပို့ဆောင်ပေးသွားမှာဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.