Connect with us

Europe

အာရှ အခြေခံအဆောက် အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) ပူးပေါင်းဆောင်ရွက်ရေး၊ ဗီဇာစနစ် လွယ်ကူချောမွေ့စေရေး တရုတ်နှင့် ဗြိတိန် ကတိပြု

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာန ဝန်ကြီး ဝမ်ရိနှင့် ဗြိတိန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာန ဝန်ကြီး ဖိလစ် ဟန်မန်း တို့ ပေကျင်းတွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ် နှင့် ဗြိတိန် နှစ်နိုင်ငံကြား စက်မှုလုပ်ငန်း၊ ငွေကြေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ပိုမို ပူးပေါင်း ဆောင်ရွက်ရေး တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာန ဝန်ကြီး ဝမ်ရိ (Wang Yi) နှင့် ဗြိတိန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာန ဝန်ကြီး ဖိလစ် ဟန်မန်း (Philip Hammond ) တို့ ဇန်နဝါရီလ ၅ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံ ဆွေးနွေးအပြီး ကတိပြုခဲ့ကြသည်။

ထို့ပြင် ဗီဇာစနစ် လွယ်ကူစေရေး အတူတကွ လုပ်ဆောင်ကြမည် ဖြစ်ကြောင်း ဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ ဟန်ကျိုးတွင် ပြုလုပ်သော G20 အစည်းအဝေးသို့ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း တက်ရောက်ရန် မျှော်လင့်ထားသလို နှစ်နိုင်ငံ ဝန်ကြီးချုပ်များ အစည်းအဝေးအပြီး တရုတ်နိုင်ငံသို့ ရောက်ရှိနေခိုက် လည်ပတ်ရန်လည်း ဖိတ်ခေါ်ခဲ့သည်။
နှစ်နိုင်ငံ အနေဖြင့် ယဉ်ကျေးမှု၊ ငွေရေးကြေးရေးနှင့် လုံခြုံရေး နယ်ပယ်များတွင် မိတ်ဖက် လုပ်ဆောင်ရေး အသေးစိတ် ဆွေးနွေးသင့်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် နျူကလီးယား စွမ်းအင်၊ မြန်နှုန်းမြင့် ရထား၊ ဇန်နဝါရီ လလယ်တွင် လုပ်ငန်း စတင်ရန် ရှိသည့် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) စသည့် ကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်ရန် အဆင်သင့် ရှိနေကြောင်း ဝမ်က ပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦး တွေ့ဆုံအပြီး ပြုလုပ်သည့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ဗီဇာ စည်းမျဉ်းစည်းကမ်း ဖြေလျှော့ပေးမည့် အကြောင်းနှင့် ပတ်သက်သော အဆင့်သစ်အား ကြေညာခဲ့သည်။
နိုင်ငံသား တစ်ဦးချင်းစီ အတွက် သက်တမ်း နှစ်နှစ်ရှိသော ဘက်စုံ ပြည်ဝင်ခွင့် ဗီဇာအား အပြန်အလှန် ထုတ်ပြန် ရန်နှင့် ဗြိတိန်တွင် တရုတ်နိုင်ငံသားများ အား ၁၀ နှစ်နေထိုင်ခွင့် ဗီဇာ တိုးမြှင့်ပေးရန် တရုတ်နိုင်ငံက မျှော်လင့် ကြောင်း သိရသည်။
တရုတ်-အီးယူ ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုတွင် ဗြိတိန်နိုင်ငံ၏ အရှိန်မြှင့် ညှိနှိုင်းဆောင်ရွက်ပေးမှုအပေါ် တရုတ်နိုင်ငံက ကျေးဇူးတင်ကြောင်းနှင့် တရုတ်-အီးယူ လွတ်လပ်သော ကုန်သွယ်မှု ဒေသ အား ဖြစ်နိုင်သမျှ မြန်မြန် သုတေသန စတင် လုပ်ဆောင်ရန်လည်း ဝမ်က တိုက်တွန်းလိုက်သည်။
ဗြိတိန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဟန်မန်းကလည်း တရုတ်နိုင်ငံနှင့် အတူ အခြေခံ အဆောက်အအုံ၊ နျူကလီးယား စွမ်းအင်နှင့် ငွေကြေး ကဏ္ဍများတွင် အခိုင်အမာ ပူးပေါင် းဆောင်ရွက်ရသည့် အတွက် ဝမ်းသာကြောင်း၊ အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) တွင် တက်ကြွသည့် အခန်းကဏ္ဍမှ ပါဝင်မည့် အကြောင်းနှင့် တရုတ် နိုင်ငံ နှင့်အတူ နိုင်ငံတကာ ရေးရာတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်မည့် အကြောင်းလည်း ပြောကြားခဲ့သည်။
ဗြိတိန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဖိလစ် ဟန်မန်းသည် တရုတ်နိုင်ငံသို့ တရားဝင် ခရီးစဉ်အဖြစ် ဇန်နဝါရီလ ၅ ရက်နှင့် ၆ ရက်အတွင်း ရောက်ရှိနေခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.