Connect with us

Europe

ရုရှားနိုင်ငံ၏ ဆိုယုဇ် MS-12 အာကာသယာဉ်သည် နိုင်ငံတကာအာကာသစခန်း(ISS)နှင့် ချိတ်ဆက်နိုင်

ဆိုယုဇ် MS-12 အာကာသယာဉ်အားတွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ မတ် ၁၅ ရက် (ဆင်ဟွာ)

အာကာသယာဉ်မှူး သုံးဦးကို သယ်ဆောင်လာသော ဆိုယုဇ် MS-12 အာကာသယာဉ်သည် မတ် ၁၅ရက်တွင် နိုင်ငံတကာအာကာသစခန်း(ISS)သို့ အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ၏ အာကာသကော်ပိုရေးရှင်း Roscosmos ကပြောကြားသည်။

အဆိုပါ ဆိုယုဇ် MS-12 အာကာသလေယာဉ်သည် မော်စကိုနိုင်ငံ စံတော်ချိန် ၀၄:၀၁အချိန်တွင် ချိတ်ဆက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် Roscosmos ကဆိုသည်။ကာဇက်စတန်နိုင်ငံ Baikonur Cosmodromeပြည်နယ်မှ မတ် ၁၄ရက် မော်စကိုနိုင်ငံ စံတော်ချိန် ၂၂:၁၄အချိန်တွင် ဆိုယုဇ်-FG ဒုံးပျံကို စတင်ပစ်လွှတ်ခဲ့သည်။ရုရှားအာကာသယာဉ်မှူး Alexey Ovchininနှင့် NASA အာကာသယာဉ်မှူးများဖြစ်ကြသော Nick Hague နှင့် Christina Kochတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ယင်းတို့၏ ခရီးစဉ်သည် ၂၀၄ ရက်ကြာမည်ဖြစ်ပြီး မတ် ၂၉ ရက်နေ့တွင် Kochနှင့် ယခင်နှစ် ဒီဇင်ဘာ ၃ ရက်က နိုင်ငံတကာအာကာသစခန်း(ISS)သို့ ရောက်ရှိနေသော Anne McClainတို့သည် အာကာသတွင်း ပထဆုံးအ အမျိုးသမီး လမ်းလျှောက်မှုတစ်ခုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.