Connect with us

Europe

ဗြိတိန်မှာ နေချင်စဖွယ် အကောင်းဆုံးမြို့အဖြစ် ဘရစ္စတို ဆိပ်ကမ်းမြို့ ရွေးချယ်ခံရ

အင်္ဂလန်နိုင်ငံ ဘရစ္စတိုမြို့ရှိ ကမ္ဘာကျော် Clifton တံတားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံအတွင်း နေချင်စဖွယ် အကောင်းဆုံးမြို့အဖြစ် နိုင်ငံ အနောက်တောင်ပိုင်းရှိ ဘရစ္စတို (Bristol) ဆိပ်ကမ်းမြို့လေးအား မတ်လ ၁၉ ရက်က ရွေးချယ်လိုက်ကြောင်း သိရသည်။ အဆိုပါ မြို့လေးမှာ မြို့ငယ်လေး တစ်ခုသာ ဖြစ်သော်လည်း မြို့ကြီး တစ်မြို့အလား ထင်မှတ်စေမည် ဖြစ်သည်။

လူဦးရေ သန်း တစ်ဝက်ပင် မရှိသည့် ထိုမြို့လေးက လန်ဒန်မြို့ပြီးလျှင် အင်္ဂလန် တောင်ပိုင်းတွင် အကြီးဆုံး မြို့ တစ်မြို့လည်း ဖြစ်သည်ဟု ဆိုသည်။

Sunday Times သတင်းစာက ဗြိတိန်တွင် နေထိုင်ရန် အကောင်းဆုံးမြို့အား စာရင်း ပြုစု စစ်ဆေးခဲ့ရာ ယခုလို ဘရစ္စတိုမြို့လေးအား ရွေးချယ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

နက်ရှိုင်းလှတဲ့ Avon မြစ်နှင့် နက်ရှိုင်းလှသော လျှိုမြောင်ကိုဖြတ်ကာ တည်ဆောက်ထားသည့် Clifton တံတားကြီးကြောင့် ဘရစ္စတိုမြို့လေးက အဆင့်အတန်းရှိရှိ အေးချမ်းပြီး ဖန်တီးနိုင်စွမ်းရှိသည့် မြို့လေး ဖြစ်ကြောင်း ဒေသခံတွေက ပုံဖော်ပြောကြားခဲ့သည်။ နိုင်ငံတကာတွင်လည်း ကျော်ကြားသည့် အဆိုပါ Clifton တံတားအား ဗြိတိန် အင်ဂျင်နီယာ Isambard Kingdom Brunel က ၁၈၃၀ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဘရစ္စတိုမြို့သည် ၁၇ ရာစုနှစ်တွင် အမေရိကန်နှင့် ကုန်သွယ်ရာတွင် ပျားပန်းခပ်မျှ စည်ကားခဲ့သော ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်ကြောင်း၊ မြို့၏ တည်နေရာကြောင်း ဗြိတိန် အနောက်ဘက် ကမ်းရိုတန်းအား အကျိုးများစွာ ရရှိစေခဲ့ကြောင်း၊ ၁၈ ရာစုတွင်မူ လီဗာပူးနှင့်အတူ အဓိက ကျွန်ကုန်ကူးရာမြို့ တစ်မြို့ အပါအဝင် ဖြစ်လာခဲ့သည်။

မှတ်တမ်းများအရ အနည်းဆုံး အာဖရိက ကျေးကျွန် ၅၀၀,၀၀၀ ဦးအား ဘရစ္စတိုမှ အမေရိကတိုက်သို့ သင်္ဘောဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.