Connect with us

Europe

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂရိနိုင်ငံ ဝန်ကြီးချုပ်တို့ ပီရိရက်စ်ဆိပ်ကမ်း (Piraeus Port) သို့ သွားရောက်လည်ပတ်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် ပူးပေါင်းဆောင်ရွက်မှုအပေါ် ချီးကျူး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂရိနိုင်ငံ ဝန်ကြီးချုပ် ကီရီယာကိုစ် မစ်ဆိုတာ့ကစ်တို့ နိုဝင်ဘာ ၁၁ ရက်က ပီရိရက်စ်ဆိပ်ကမ်းသို့ သွားရောက်လည်ပတ်ကြစဉ် (ဆင်ဟွာ)

အေသင်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂရိနိုင်ငံ ဝန်ကြီးချုပ် ကီရီယာကိုစ် မစ်ဆိုတာ့ကစ် (Kyriakos Mitsotakis) တို့သည် နိုဝင်ဘာ ၁၁ ရက်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံကိန်းတစ်ခုဖြစ်သော ပီရိရက်စ်ဆိပ်ကမ်း (Piraeus Port) သို့ သွားရောက်လည်ပတ်ခဲ့ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုအရ အောင်မြင်မှုတစ်ခုအ  ဖြစ် ချီးကျူးခဲ့ကြကြောင်း သိရသည်။

၂၀၀၉ ခုနှစ်တွင် COSCO ဟုလူသိများသော China Ocean Shipping Company ၏ လုပ်ငန်းခွဲက ပီရိရက်စ်ဆိပ်ကမ်းရှိ ကွန်တိန်နာဆိပ်များအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင်မူ COSCO က အဓိက ရှယ်ယာထည့်ဝင်သူဖြစ်လာခဲ့ပြီး ကွန်တိန်နာဆိပ်အား စီမံခန့်ခွဲမှုနှင့် လည်ပတ်မှုအား တရားဝင် လွှဲပြောင်းယူခဲ့သည်။

ယင်းစီမံကိန်းက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်အား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း  အလုပ်အကိုင်ဖန်တီးပေးခဲ့ပြီး ပီရိရက်စ်ဆိပ်ကမ်းကို မြေထဲပင်လယ်ဒေသ၌ အကြီးဆုံးဆိပ်ကမ်းအဖြစ် တည်ဆောက်ပေးခဲ့ကာ ကမာ္ဘပေါ်တွင် အလျင်မြန်ဆုံး တိုးတက်နေသော ကွန်တိန်နာဆိပ်ကမ်းများအနက် တစ်ခုဖြစ်လာခဲ့သည်။

ပီရိရက်စ်ဆိပ်ကမ်းသို့ သမ္မတ ရှီနှင့် ဇနီး ဖုန်းလိယွမ်၊ ဂရိနိုင်ငံ ဝန်ကြီးချုပ်နှင့် ဇနီးတို့ ရောက်ရှိလာသည်ကို တရုတ်နိုင်ငံသားများနှင့် ပြည်ပနိုင်ငံခြားသား အလုပ်သမားများက တရုတ်နှင့် ဂရိ နှစ်နိုင်ငံများ ဝှေ့ယမ်းကာ ကြိုဆိုခဲ့ကြသည်။

ဒေသခံဝန်ထမ်းများ၏ ကိုယ်စားလှယ်များကလည်း သမ္မတ ရှီနှင့် တွေ့ဆုံစဉ် ပီရိရက်စ်ဆိပ်ကမ်းမှာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးတွဲတည်ဆောက်ခြင်းတွင် အရေးပါသော အသီးအပွင့်တစ်ခု ဖြစ်လာခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် အင်မတန် ဂုဏ်ယူမိပါကြောင်းနှင့် ဆိပ်ကမ်း၏ အနာဂတ်အပေါ် အပြည့်အဝ ယုံကြည်မှုရှိပါကြောင်း ပြောခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်ကလည်း ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်အနေဖြင့် ကျယ်ပြန့်သော ညှိနှိုင်းတိုင်ပင်မှု၊ ပူးတွဲဖွံ့ဖြိုးတိုးတက်မှုနှင့် အကျိုးကျေးဇူးမျှဝေမှု စည်းမျဉ်းစည်းကမ်းကို စောင့်ထိန်းလျက်ရှိကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုတွင် တစ်ဦးတစ်ယောက်က အခြားသူများအတွက် ဆုံးဖြတ်ချက်များ ချမှတ်မည်မဟုတ်ကြောင်း၊ ယင်းအစား ပါဝင်သူများအားလုံးက တာဝန်ခံမှုများနှင့် အကျိုးကျေးဇူးများ မျှဝေသွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.