Connect with us

Europe

ရေတိုက်စားမှုကြောင့် အီတလီ Sardegna ကျွန်းရှိ ယာဉ်သွားလမ်းတံတား တစ်စင်း ကျိုးကျ

ကျိုးကျပျက်စီးနေသည့် လမ်းတံတား တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရောမ ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံ Sardegna ကျွန်းတွင် အောက်တိုဘာ ၁၀ ရက်က ဆိုးဝါးသည့် ရာသီဥတုနှင့်ကြုံတွေ့ခဲ့ ရာ ယင်းကျွန်းပေါ်ရှိ ယာဉ်သွားလမ်းတံတား တစ်စင်း သည် ရေတိုက်စားမှုကြောင့် ကျိုးကျခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားမှာ Sardegna ကျွန်း Cagliariဒေသနှင့် Capoterra ဒေသ အကြားတွင် တည်ရှိ ကြောင်း ၊ အချင်း ဖြစ်ပွားချိန်တွင် တံတားပေါ်၌ ဖြတ်သန်းသွားလာသည့် ယာဉ်မရှိကြောင်း ၊ သေဆုံး ဒဏ်ရာမှုများ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းနှင့် လက်ရှိတံတားတည်ရှိသည့် ယာဉ်ကြောလမ်းကို ပိတ်ဆို့ ထားကြောင်း အီတလီမီဒီယာများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

Cagliariဒေသမှ Ogliastra ကမ်းခြေတစ်လျှောက်တွင် အောက်တိုဘာ ၁၀ ရက်နေ့က မိုးသက် မုန်တိုင်းကျရောက်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ၊ Ogliastraဒေသတွင် စာသင်ကျောင်း ၂ ကျောင်း၏ အားကစားကွင်း နံရံများ ပြိုကျ ပျက်စီးခဲ့သောကြောင့် ကျောင်းများ ခေတ္တပိတ်ထားရ ကြောင်း သိရသည်။

Sardegna ကျွန်းသည် အီတလီ ကျွန်းဆွယ်၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး မြေထဲပင်လယ ရှိ ဒုတိယအကြီးဆုံး ကျွန်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.