Connect with us

International Organizations

ကမ္ဘာလုံးဆိုင်ရာ ပညာရေး ရန်ပုံငွေ အသစ်အား လာမည့် ကုလသမဂ္ဂ ကမ္ဘာ့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ထိပ်သီး အစည်းအဝေး၌ ကြေညာမည်

နေရပ်စွန့်ခွာ ကလေးငယ်တစ်ဦး စာရေးနေခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ကုလသမဂ္ဂ၊ မေ ၁၇ ရက် (ဆင်ဟွာ)

လာမည့် ရက်သတ္တပတ်အတွင်း ကျင်းပမည့် ကမ္ဘာ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ထိပ်သီး အစည်းအဝေး၌ ကမ္ဘာ တစ်ဝန်းရှိ နေရပ် စွန့်ခွာ ထွက်ပြေးနေရသည့် ကလေးငယ် သန်း ၂၀ အား ပညာရေး ထောက်ပံ့ ပေးနိုင်မည့် “ပညာရေးအတွက် နှောင့်နှေးမနေသင့်” (Education Cannot Wait) ဟူသော ရန်ပုံငွေ အသစ်အား ကြေညာ သွားရန်ရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ ပညာရေးအတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က မေလ ၁၆ ရက်က ပြောသည်။

“ဒါဟာ ပျောက်ဆုံးနေတဲ့ မျိုးဆက်တွေ အတွက် ကျွန်တော်တို့ အရေးပေါ် လုပ်ဆောင်သင့်တယ်၊ ပဋိပက္ခဇုန် အတွင်းမှာ နေထိုင်တဲ့ လူငယ်တွေအတွက် ကျွန်တော်တို့ လျစ်လျူရှုခဲ့တာ ကြာပါပြီ” ဟု ယခင် ဗြိတိန် ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သူ ဂေါ်ဒွန် ဘရောင်းက ပြောသည်။
ပြည်သူများနှင့် ပုဂ္ဂလိက ကဏ္ဍများမှ အလှူရှင် ၁၀၀ ခန့်က ပေးလှူခြင်းသည် ငါးနှစ်တာအတွင်း အမေရိကန် ဒေါ်လာ ၃.၈၅ ဘီလီယံ အထိ မြင့်တက်လာခဲ့ကြောင်း ယင်းအလှူငွေများအား နေရပ်စွန့်ခွာ ထွက်ပြေးနေရ သည့် ကလေးငယ်များ၏ ပညာရေးအတွက် ငါးနှစ်တာ သုံးစွဲသွားမည် ဖြစ်သည်။
အဆိုပါ ရန်ပုံငွေအား ဆီးရီးယားနိုင်ငံ အတွင်းရှိ ဒုက္ခသည် အရေးအခင်း၌ သုံးနှစ်တာအတွက် သုံးစွဲပြီး ဖြစ်ကြောင်း သိရသည်။
တူရကီ၊ လက်ဘနွန်နှင့် ဂျော်ဒန် နိုင်ငံများတွင် ကျောင်းနေအရွယ် ဆီးရီးယား ဒုက္ခသည် တစ်သန်း အတွက် ကနဦး သုံးစွဲထားပြီး ဖြစ်ကြောင်း၊ နီပေါနိုင်ငံတွင်မူ ငလျင်ဒဏ်ကြောင့် ကလေးငယ် ၉၀၀,၀၀၀ ဦးမှာ ကျောင်း ပြင်ပ ရောက်နေကြောင်း၊ တောင်ဆူဒန်နိုင်ငံ၌ ကလေးငယ် သုံးပုံတစ်ပုံမှာ ကျောင်းတက်ခွင့် မရကြောင်းနှင့် နိုင်ဂျီးရီးယားတွင်လည်း ဘိုကိုဟာရမ် အဖွဲ့က ကျောင်း ၅,၀၀၀ အား ပိတ်ထားခဲ့ကြောင်း သိရသည်။
နိုင်ငံပေါင်း တစ်ရာကျော်မှ ကမ္ဘာ့ ခေါင်းဆောင်များသည် မေလ ၂၃ ရက်မှ ၂၄ ရက်အထိ တူရကီနိုင်ငံ အစ္စတန်ဘူမြို့တွင် ပြုလုပ်မည့် ကမ္ဘာ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.