Connect with us

International Organizations

၂ဝ၁၆ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ၂.၄ ရာခိုင်နှုန်း တိုးတက်လာဖွယ် ရှိကြောင်း UN ခန့်မှန်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ် အဆောက်အအုံ အား တွေ့ရစဉ် (ဆင်ဟွာ)

UN ၊ မေ ၁၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေမှာ နှေးကွေးနေဆဲ ဖြစ်သော်လည်း ကမ္ဘာ့ စုစုပေါင်း ထုတ်လုပ်မှု ပမာဏသည် ၂ဝ၁၅ ခုနှစ်ဖြင့် နှိုင်းယှဉ်ပါက ၂ဝ၁၆ ခုနှစ်တွင် ၂.၄ ရာခိုင်နှုန်းထိ တိုးတက်လာဖွယ် ရှိကြောင်း ကုလသမဂ္ဂက မေလ ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ ခန့်မှန်းချက်တွင် ကမ္ဘာ့စုစုပေါင်း ထုတ်လုပ်မှု ပမာဏသည် ဝ.၅ ရာခိုင်နှုန်း အကျဖက်သို့ ဦးတည်နေကြောင်း ဆိုခဲ့သည်။
ကုလသမဂ္ဂ အဖွဲ့၏ စီးပွားရေးနှင့် လူမှုရေးရာ ဌာနမှ ထုတ်ပြန်သော ကမ္ဘာ့ စီးပွားရေး အခြေအနေနှင့် မျှော်လင့်ချက် ၂ဝ၁၆ ခုနှစ် နှစ်လည် အစီရင်ခံစာတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ဝယ်လိုအား ကျဆင်းနေခြင်းသည် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို နောက်ကျ ကျန်ရစ် စေသည့် အကြောင်းတရား ဖြစ်သည်ဟု ဖော်ပြ ထားသည်။
လူအသုံးဆောင်ပစ္စည်းများ ဈေးနှုန်း ကျဆင်းခြင်း ၊ အခွန်အခ ကြီးမြင့်လာခြင်းနှင့် လက်တလော ငွေစာရင်း မညီမျှခြင်း စသည့် အခြေအနေများသည် အာဖရိက ၊ လက်တင် အမေရိက နှင့် ကာရေဗီယန် ဒေသများရှိ နိုင်ငံများ၏ ပို့ကုန် စီးပွားရေးကို တိုး၍ ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ ကမ္ဘာ့စီးပွားရေး က လေလံ ထိုင်းမှိုင်းနေဆဲပါပဲ ၊ ၂ဝ၁၆ ခုနှစ်အလှည့်အပြောင်း အတွက် တိုးတက်မှု အနည်းငယ်တော့ ရှိမှာပါ ” ဟု မှတ်ချက်ပြု ခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂ဝ၁၆ ခုနှစ်တွင် ၆.၄ ရာခိုင်နှုန်း နှင့် ၂ဝ၁၇ ခုနှစ်တွင် ၆.၅ ရာခိုင်နှုန်း တိုးတက်စေရန် အစိုးရက ရည်မှန်းထားကြောင်း အစီရင်ခံစာတွင် ထည့်သွင်းထားသည်။
စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ကမ္ဘာ့ ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် Lenni Montial က ကမ္ဘာ့ စီးပွားရေး တစ်ဖန် ပြန်လည် နုပျိုလန်ဆန်းလာစေရန် မျှတသည့် မူဝါဒများ ချမှတ်ရန် လိုအပ်ကြောင်း နှင့် ကမ္ဘာ့စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အပံ့ ပြုနိုင်သည့် အခြေအနေ တစ်ရပ်ကို ဖန်တီးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.