Connect with us

International Organizations

ကမ္ဘာ့ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် ဆင်ဟွာနှင့် WFP ပိုမို ပူးပေါင်း ဆောင်ရွက်မည်

WFP အမှုဆောင် ဒါရိုက်တာ အက်သရင်း ကာဆင် (ဝဲ) နှင့် ဆင်ဟွာ သတင်းအေဂျင်စီ အယ်ဒီတာချုပ် ဟဲဖိန် (ယာ) တို့ အီတလီနိုင်ငံ ရောမမြို့တွင် တွေ့ဆုံစဉ် (ဆင်ဟွာ)

ရောမ၊ မေ ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ ထောက်ပံ့ကူညီမှုများတွင် တရုတ်နိုင်ငံက ဥပမာကောင်း တစ်ခုဖြစ်သလို ကမ္ဘာ့ တောင်ခြမ်း ဖွံ့ဖြိုးဆဲ နိုင်ငံများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု (South- South coorperation) မြှင့်တင် ရာတွင် ကုလသမဂ္ဂ စားနပ် ရိက္ခာ အဖွဲ့အစည်းများ၏ အရေးပါသော မိတ်ဖက် တစ်ဦး ဖြစ်ကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ အမှုဆောင် ဒါရိုက်တာ အက်သရင်း ကာဆင် (Ertharin Cousin) က မေလ ၁၇ ရက်က ပြောသည်။

အီတလီနိုင်ငံ ရောမမြို့သို့ အလည်အပတ် ရောက်ရှိနေသည့် ဆင်ဟွာ သတင်းအေဂျင်စီ အယ်ဒီတာချုပ် ဟဲဖိန် နှင့် တွေ့ဆုံစဉ်တွင် ကာဆင်က ဤသို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
WFP အနေဖြင့် ဆင်းရဲမွဲတေမှု လျှော့ချရာတွင် သတင်းများနှင့် အချက်အလက် မှတဆင့် အများပြည်သူများ အသိပညာပေးမှု တိုးတက်ရန် အတွက် ဆင်ဟွာနှင့် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ဆင်ဟွာ အယ်ဒီတာချုပ် ဟဲဖိန်ကလည်း တရုတ်နိုင်ငံသည် မူဝါဒများ ပွင့်လင်းလာပြီး ပြုပြင် ပြောင်းလဲမှုများ လုပ်လာပြီးသည့်နောက် ကမ္ဘာ့ လူဦးရေ ငါးပုံတစ်ပုံအား စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ခဲ့ရာမှ စားနပ်ရိက္ခာ ကူညီ ထောက်ပံ့ပေးသူ တစ်ဦး ဖြစ်လာခဲ့ကြောင်း၊ ယင်းမှာ သမိုင်းဝင် အပြောင်းအလဲ တစ်ခုဖြစ်ကြောင်း နှင့် ဆင်ဟွာ အနေဖြင့် WFP နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.