Connect with us

International Organizations

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ က တရုတ် နိုင်ငံ ၏ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆောင်ရွက်မှု များသည် လေ့လာသင်ယူဖွယ် ကောင်းကြောင်း ပြောကြား

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim က စက်တင်ဘာ ၁၂ ရက်နေ့၌ တရုတ် နိုင်ငံ ၏ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ကူညီဆောင်ရွက်မှုများသည် အလယ်အလတ် ဝင်ငွေတည်ရှိသည့် နိုင်ငံ များအတွက် လေ့လာသင်ယူ သင့်သည့် စံနမူနာကောင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Jim Yong Kim က ကမ္ဘာ့ငွေကြေးရံပုံငွေ အဖွဲ့(IMF) နှင့် ကမ္ဘာ့ဘဏ် ဆောင်ဦးရာသီ အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံ သည် စီးပွားရေး ပြုပြင်ပြောင်းလဲရေး မှ တစ်ဆင့် ကမ္ဘာ့ဈေးကွက် အတွင်းသို့ ဝင်ရောက် နိုင်ခဲ့ပြီး သန်းရာချီသောလူပေါင်းများစွာ ကို ဆင်းရဲနွမ်းပါးမှုမှ ရုန်းထွက်စေခဲ့ကြောင်း ၊ ကမ္ဘာ့အဆိုးရွားဆုံး ဆင်းရဲနွမ်းပါးသူ ဦးရေသည် ၁၉၉၀ နှစ်ပေါင်းတွင် ၄၀ ရာခိုင်နှုန်းခန့်တည်ရှိခဲ့ရာ လက်ရှိချိန်တွင် ၁၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ကြောင်း ၊ ထိုကဲ့သို့ ဆင်းရဲနွမ်းပါးမှု မှ လွတ်မြောက်လာသော လူဦးရေ အများစုမှာ တရုတ် နိုင်ငံ မှဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး သမိုင်းတွင် တရုတ် နိုင်ငံ က အရေးပါသည့် သမိုင်းစာမျက်နှာများကို ရေးထိုးနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ကမ္ဘာ့ငွေကြေးရံပုံငွေ အဖွဲ့(IMF) က အောက်တိုဘာ ၁၀ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ တွင် တရုတ် နိုင်ငံ ၏ ယခုနှစ် နှင့် လာမည့်နှစ် အတွင်း စီးပွားရေး တိုးတက်မှု နှုန်း ကို ဇူလိုင်လ က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ ထက် ဝ.၁ ရာခိုင်နှုန်းစီ တိုးမြှင့် လိုက်ပြီး ၆.၈ နှင့် ၆.၅ ရာခိုင်နှုန်း အဖြစ် သတ်မှတ်လိုက်ကြောင်း ၊ ယခု ကဲ့သို့တိုးမြှင့်ခြင်းသည်လည်း IMF မှ ယခု နှစ်အတွင်း စတုတ္ထ အကြိမ်မြောက် တရုတ် နိုင်ငံ ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှုန်းကို တိုးမြှင့် သတ်မှတ်ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.