Connect with us

International Organizations

ကုလသမဂ္ဂအကြီးအကဲက တရုတ်နိုင်ငံ၏ ကိုရိုနာတိုက်ဖျက်ရေးကြိုးပမ်းမှုတွင် အပြည့်အဝ ယုံကြည်မှုရှိကြောင်းပြောကြား

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်အားတွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

ကမ္ဘာ့ကုလသမဂ္ဂ(UN)အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တရုတ်နိုင်ငံ၏ လတ်တလောဆောင်ရွက်နေသော နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ (သို့မဟုတ်) COVID-19 ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှုအပေါ် အပြည့်အဝယုံကြည်မှုရှိကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အခင်းဖြစ်နေရာဒေသတွင် တရုတ်နိုင်ငံအစိုးရ၏ လုပ်ဆောင်ချက်များသည် “အလွန်ကြီးမားတဲ့ အားထုတ်မှုတစ်ခုဖြစ်သလို ၊ ရောဂါပြန့်ပွားမှု လျော့ကျရေးအတွက် အရေးပါတဲ့ အားထုတ်မှုဖြစ်တာကြောင့် အဲဒီ ကြိုးပမ်းမှုများအပေါ် ကျွန်တော်တို့အနေနဲ့ အပြည့်အဝယုံကြည်မှုရှိပါတယ်” ဟု အစ္စလာမ်မာဘတ်မြို့၌ ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Shah Mahmood Qureshi နှင့်အတူ ပူးတွဲပြုလုပ်သော သတင်းစာရှင်လင်းပွဲတွင် ကုလသမဂ္ဂအကြီးအကဲက ဆင်ဟွာသတင်းဌာနသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

၎င်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုကို အလွန်ကြီးမားသော စိန်ခေါ်မှုအဖြစ် မီးမောင်းထိုးပြခဲ့ပြီး လျင်မြန်သောအဖြေတစ်ခုရရှိရန်  အမြဲတစေခက်ခဲမှုရှိကြောင်း ၊ သို့သော် တရုတ်နိုင်ငံအနေဖြင့် “ အလွန်ကြံ့ခိုင်သန်မာပြီး အလွန်လေးစားအထင်ကြီးလောက်ဖွယ် တုံ့ပြန်ကိုင်တွယ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ဂူတာရက်စ်သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ရာထူး စတင် တာဝန်ယူခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက် နောက်ပိုင်း ပါကစ္စတန်နိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ် အစ္စလာမ်မာဘတ်မြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။ လေးရက်တာ ခရီးစဉ်အတွင်း ၎င်းသည် အာဖဂန်ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာညီလာခံတစ်ခုသို့လည်း တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)