Connect with us

International Organizations

ကိုယ်ကျိုးစီးပွားကာကွယ်သောမူဝါဒက ယနေ့ပြဿနာများ၏ အဖြေမဟုတ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲ ပြောကြား

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

“ယနေ့ ပြဿနာများ၏ အဖြေမှာ ကိုယ်ကျိုးစီးပွားကာကွယ်သောမူဝါဒ၊ တံခါးပိတ်ဝါဒ မဟုတ်ဘူး” ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Gutteres) က ဧပြီလ ၅ ရက်က ပြောကြားခဲ့သည်။

“ကမ္ဘာ့ ပြဿနာတွေအတွက် နိုင်ငံစုံဝါဒကို ကျွန်တော် အခိုင်အမာယုံကြည်ပါတယ်။ နိုင်ငံ တစ်ခုချင်းစီအနေနဲ့ ကမ္ဘာ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ကမ္ဘာ့ ပြဿနာတွေအတွက် ကမ္ဘာ့လုံးဆိုင်ရာ အဖြေတွေ ရှိဖို့လိုပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အဖြေတွေရှိဖို့အတွက်က နိုင်ငံစုံမူဝါဒ မူဘောင်တွေကတစ်ဆင့် အကောင်အထည်ဖော်မှသာလျှင် ရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ အကြီးအကဲက တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား ကုန်သွယ်ရေး ပဋိပက္ခအပေါ် မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

“လွတ်လပ်သော ကုန်သွယ်မှုကို ကျွန်တော် အမှန်တကယ် ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး လွတ်လပ်သော ကုန်သွယ်မှုသည် ကမ္ဘာကြီး ကြွယ်ဝချမ်းသာရေးအတွက် အလွန် အရေးကြီးသော ထောက်ပံ့မှု တစ်ခု ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာဝါဒက အလွန်ကြီးမားသည့် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ ဥပမာအားဖြင့် စီးပွားရေး တိုးတက်မှုနှင့် ကုန်သွယ်ရေးသည် တိုးတက်လာပြီး ဆင်းရဲနွမ်းပါးမှုက လျော့ကျလာခဲ့ကြောင်း၊ ပြည်သူ့ဘဝ မျှော်လင့်ချက်လည်း တိုးမြင့်လာကာ အလယ်အလတ် လူတန်းစားများ ပိုမိုများပြားလာခဲ့ကြောင်း တွေ့ရသည်ဟု ၎င်းက ပြောခဲ့သည်။

သို့ရာတွင် မညီမျှမှုများက တိုးပွားလာခဲ့ပြီး လူများစွာက နောက်ကျ ကျန်ရစ်ခဲ့သေးကြောင်း၊ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာဝါဒအား ပယ်ဖျက်ခြင်း မဟုတ်ဘဲ တိုးတက်ကောင်းမွန်လာအောင် ပြုလုပ်ရန် လိုကြောင်း ဂူတာရက်စ်က ပြောခဲ့သည်။

သို့ဖြစ်၍ ယနေ့ ပြဿနာများ၏ အဖြေမှာ ကိုယ်ကျိုးစီးပွားကာကွယ်သော မူဝါဒ၊ တံခါးပိတ်ဝါဒ မဟုတ်ကြောင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ၂၀၃၀ ခုနှစ် ရည်မှန်းချက် အစီအစဉ် (Agenda 2030) က ယင်းအရာအတွက် အလွန်အရေးကြီးကြောင်း ၎င်းက ဆိုသည်။

“၂၀၃၀ ခုနှစ် အစီအစဉ် (Agenda 2030) ကို တရုတ်နိုင်ငံက အပြည့်အဝ ကတိကဝတ်က ဖွံ့ဖြိုးဆဲနိုင်ငံတွေ အပါအဝင် အခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုလို့ အလွန်ဝမ်းသာမိပါတယ်” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.