Connect with us

International Organizations

ကုလသမဂ္ဂတွင် တရုတ်ဘာသာစကားနေ့ကျင်းပ ၊ တရုတ်ယဉ်ကျေးမှု ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ပြသခဲ့

၂ဝ၁၅ ခုနှစ်က ကုလသမဂ္ဂရုံးချုပ်တွင် တရုတ်ဘာသာစကားနေ့ကျင်းပနေစဉ် ( ဆင်ဟွာ )

ကုလသမဂ္ဂ ၊ ဧပြီ ၂ဝ ရက် ( ဆင်ဟွာ )

၇ ကြိမ်မြောက် တရုတ်ဘာသာစကားနေ့အခမ်းအနားကို ကုလသမဂ္ဂတွင် ဧပြီလ ၁၉ ရက်က ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် တရုတ်ယဉ်ကျေးမှု ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက် ပြသခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ ကုလသမဂ္ဂ ရုံးချုပ်တွင် ပြုလုပ်သော အဆိုပါ အခမ်းအနားသို့ကုလသမဂ္ဂ ဝန်ထမ်းများ နှင့် နိုင်ငံတကာ သံတမန်များ တက်ရောက်ခဲ့ကြပြီး တရုတ်လက်မှုပညာရှင်များက ရိုးရာ လက်ဖက်ရည် ဖျော်ပုံ နှင့် သစ်သား ပန်းချီဆွဲခြင်းများဖြင့် တင်ဆက်ခဲ့ကြသည်။

ထို့ပြင် တရုတ်ရိုးရာ ကိုယ်ခံပညာ သရုပ်ပြပွဲ နှင့် တရုတ်နိုင်ငံ Sichuan နှင့် Zhejiang ပြည်နယ်များတွင် လူကြိုက်များသည့် ရိုးရာ လက်ဖက်ရည် ဖျော်ခြင်း အနုပညာ သရုပ်ပြပုံများ ကိုလည်း တင်ဆက်ခဲ့ကြကြောင်း သိရသည်။

တရုတ်ဘာသာစကားနေ့ကို ၂ဝ၁ဝ ပြည့်နှစ်မှ စတင်ကာ နှစ်စဉ် ဧပြီလ ၂ဝ ရက်တွင် ကျင်းပခဲ့ကြသည်။ ဧပြီလ လို အခါသမယတွင် တရုတ်ပြက္ခဒိန် ၂၄ လ၏ ၆ လမြောက် ဖြစ်သည့် လ၌ ရှေ့ယခင် တရုတ်လူမျိုးများသည် မျိုးစပါးကျဲ ပွဲတော်ကို ကျင်းပ၍ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်သို့ဝင်ရောက်ကြသည်ဟု အဆိုရှိသည်။

ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ချုပ်၌ တရားဝင် သုံးစွဲနေသော ဘာသာစကား ၆ မျိုးထဲတွင် တရုတ် ဘာသာစကားလည်း တစ်မျိုး အပါဝင်ဖြစ်သည်။

ကျန်ဘာသာစကား ၅ မျိုးမှာ ပြင်သစ် ၊ စပိန် ၊ ရုရှား ၊ အင်္ဂလိပ် နှင့် အရေဗျ တို့ဖြစ်ကြသည်။ လက်ရှိတွင် ကမ္ဘာ့ လူဦးရေ ၁ ဘီလီယံ ကျော်သည် တရုတ် ဘာသာစကားကို ပြောဆို နေကြသဖြင့် ကမ္ဘာပေါ်ရှိ လူ ၇ ယောက်တွင် ၁ ယောက်သည် တရုတ်စကား ပြောနေကြသူများဟု အဓိပ္ပါယ် မှတ်ယူနိုင်သည်။
( Xinhua )