Connect with us

International Organizations

ဂျူကိုဗစ် နှင့် ဆီရီနာ ဝီလီယံ တို့နှစ်ဦး ၂ဝ၁၅ ခုနှစ်အတွက် တစ်နှစ်တာ ကမ ္ဘာ့အကောင်းဆုံး တင်းနစ် အားကစားဆု ချီးမြှင့်ခံရ

၂ဝ၁၅ ခုနှစ်အတွက် တစ်နှစ်တာ ကမ ္ဘာ့အကောင်းဆုံး( အမျိုးသား ) တင်းနစ် အားကစားသမားဆုရှင် ဂျူကိုဗစ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင် ၊ ဧပြီ ၁၉ ရက် ( ဆင်ဟွာ )

၁၇ ကြိမ်မြောက် Laureus ကမ္ဘာ့အကောင်းဆုံး ( အမျိုးသား ) တင်းနစ်အားကစားသမားအဖြစ် တင်းနစ်အကျော်အမော် နိုဗက်ဂျူကိုဗစ် ( Novak Djokovic ) နှင့် ( အမျိုးသမီး ) အားကစားသမားအဖြစ် ဆီရီနာဝီလီယံ ( Serena Williams ) တို့နှစ်ဦး ရွေးချယ်ခံရပြီး ၎င်း ဆုချီးမြှင့်ပွဲကို ၂ဝ၁၆ ခုနှစ် ဧပြီ ၁၈ ရက် ၊ ညနေ့ခင်းက ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားတွင် ဟောလီဝုဒ် သရုပ်ဆောင်မင်းသား Bill Murray က အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး ( ယခင် နှင့် ယခုလက်ရှိ ) ဂန ္တဝင် အားကစားသမားများစွာ တက်ရောက်ကြကာ ၂ဝ၁၅ ခုနှစ်အတွက် တစ်နှစ်တာ အထူးချွန်ဆုံးဆုရ အမျိုးသား ၊ အမျိုးသမီး အားကစားဆုရှင်များကို ဂုဏ်ပြုခဲ့ကြသည်။ အဆိုပါထူးချွန်ဆုများကို အတန်းအစား ၇ ခုခွဲခြား၍ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဂရန်စလင်မ်း ( Grand Slam ) ပြိုင်ပွဲသုံးမျိုးတွင် ဗိုလ်စွဲထားသည့် ဆာဘီးယားတင်းနစ်ကစားသမား ဂျူကိုဗစ်သည် ကမ ္ဘာ့အကောင်းဆုံးအဆင့် ၁ နေရာတွင်ဒုတိယအကြိမ်မြောက်ရပ်တည်ခဲ့ပြီး ယခုရရှိသော Laureus တစ်နှစ်တာကမ္ဘာ့အကောင်းဆုံး ( အမျိုးသား ) အားကစားသမားဆုသည် ၎င်းအတွက် တတိယအကြိမ်မြောက် ရွေးချယ်ခံရခြင်းဖြစ်သည်။

၂ဝ၁၅ ခုနှစ်အတွင်း ဂရန်စလင်မ်း ( Grand Slam ) ပြိုင်ပွဲ လေးမျိုးစလုံးတွင် ဗိုလ်စွဲရန် နီးစပ်ခဲ့သည့် အမေရိကန်တင်းနစ် အားကစားမယ် ဝီလီယံ အတွက် ၂ဝ၁၅ ခုနှစ် Laureus တစ်နှစ်တာအကောင်းဆုံး (အမျိုးသမီး) အားကစားသမားဆုသည် လေးကြိမ်မြောက် ရရှိသော ဆုဖြစ်သည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.