Connect with us

International Organizations

ယီမင်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ကန်ဒေါ်လာ ၂.၁ ဘီလီယံ တိုးမြှင့်ရန် ကုလ ရည်မှန်း

ယီမင်နိုင်ငံတွင် အာဟာရ ကုထုံးဆိုင်ရာ ကုသမှုခံယူရန် စောင့်ဆိုင်းနေသည့် ကလေးငယ်နှင့် မိခင်အား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း လူပေါင်း ၁၂ သန်းအတွက် အသက်ကယ် အကူအညီ အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံ ထောက်ပံ့မည့် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုတစ်ခုအား ကုလသမဂ္ဂနှင့် လူသားချင်း စာနာထောက်ထားမှု မိတ်ဖက်အဖွဲ့များက ဖေဖော်ဝါရီလ ၈ ရက်တွင် ကြေညာလိုက်သည်။

“ယီမင်အတွက် ထောက်ပံ့ပေးရတဲ့ အထဲမှာ အကြီးဆုံး ထောက်ပံ့မှုပေးတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် စတီဖန် ဒူဂျာရစ်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လက်ရှိတွင် ယီမင်နိုင်ငံ လူဦးရေ သုံးပုံ နှစ်ပုံကျော်ဖြစ်သော ၁၈.၈ သန်းက လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီ လိုအပ်လျက်ရှိကြောင်း၊ ယင်းအနက် အနည်းဆုံး လူဦးရေ ၁၀.၃ သန်းကို အထူးပင် ထိခိုက်မှုရှိနေပြီး အသက် ဆက်လက် ရှင်သန်ရန်နှင့် ကယ်တင်ရန်အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ ချက်ချင်း ပေးအပ်ရန် လိုအပ်ကြောင်း၊ ကလေးငယ် ၂.၁ သန်း အပါအဝင် လူဦးရေ ၃.၃ သန်းနီးပါးသည်လည်း အမှန်တကယ် အာဟာရ ချို့တဲ့နေပြီး လူဦးရေ ၂ သန်းမှာလည်း ဒေသအတွင်း ရွှေ့ပြောင်းသွားလာနေရဆဲ ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ကုလသမဂ္ဂ အေဂျင်စီနှင့် မိတ်ဖက်များက ယီမင်သုံးငွေ ၅.၆ သန်းကျော်ကို ယီမင်နိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများအဖြစ် တိုက်ရိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.